ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို
EP 5"ကယ် ကောင်းကောင်းသွားကြနော် ဂရုစိုက်သွားကြ"
"တီချို စိတ်ချနော် Gulfကို သားနဲ့ "
"ဟုတ်ပါပြီ သားလေးရယ် သားညီလေးကို စောင့်ရှောက်နော် အချိန်ရရင်လည်း အိမ်ပြန်လာကျပေါ့"
"ဟုတ်ကဲ့ပါမေကြီး သားဖုန်းဆက်မယ်နော်"
"အေးပါ သားလေးရယ်"
Mewတို့ကျောင်းပြန်ဖွင့်ပါပြီ Gulfအတွက်ကတော့ တက္ကသိုလ် ပထမဆုံးစတက်ရမဲ့နေ့ပင်ဖြစ်သည်
"ကယ် ကလေး ရောက်ပြီ ဆင်း"
"ကိုကို ဘာလို့ကွန်ဒိုအရင်မသွားတာလဲ "
"အော် ဒီနေ့က ပထမဆုံးနေ့ဆိုတော့ ကို့အခန်းရှာ
နာမည်စာရင်းသွင်း လက်မှတ်ထိုးပြီးရင်ပြီးပြီးလေ ကလေးရဲ့ အဲ့ဒါကြောင့်မို့လို့ ပြီးရင်အေးဆေးပြန်နားလို့ရပြီလေ"
"အော် ဟုတ်ကဲ့"
"ဟိတ်ကောင်Gulf"
"ဟမ် နို"
"အေအေ ငါ့ကို ဖုန်းလေးတောင်မဆက်ဘူးနော်
ငါကမင်းနဲ့အဆောင်တူတူနေမလားလြို ်င်းကတော့ ငါ့ဖုန်းလေးတောင်မကိုင်ဘူး တော်တော်ချစ်ဖို့ကောင်းတယ်မင်း သိလား"
"sorryပါကွာ ငါslientလုပ်ထားမိလို့ပါ"
"အော်ဒါနဲ့ အကိုMewလား"
"ဟုတယ်"
"ဟား အကို ချောလာတယ်နော် ခန့်ချောကြီး ကျွန်တော့ကိုမှတ်မိလား"
"မှတ်မိတာပေါ့ကွာ ငယ်ငယ်ကမင်းတို့နှစ်ယောက်တွေ့ရင် အမြဲရန်ဖြစ်နေကြတာလေ
ဒါနဲ့ နိုက ဘယ်မေဂျာလဲ အဆောင်ကော ဘယ်မှာနေတာလဲ အဆင်ကောပြေရဲ့လား"အမယ်လေး မသိရင်သူက အုပ်ထိန်းသူကျနေရောဘဲ အဆောင်မှာနေတာ အဆင်မပြေရင် ခေါ်ထားမလို့လား မသိဘူး တော်တော်ကြင်နာတက်တဲ့လူဘဲ ဟုGulfစိတ်ထဲတွင်ပြောနေလေသည်
"ဟုတ်ကဲ့ အဆင်ပြေပါတယ် ကျွန်တော်က အင်ဂျင်နီယာေမဂျာပါအကို အတွင်းဆောင်ဘဲ ယူလိုက်တယ် ကျွန်တော် "
"အင်ဂျင်နီယာ ဆိုတော့ ကို့ဂျူနီယာပေါ့ အကူအညီလိုရင်ပြောလေနို"
"ဟုတ်ကဲ့"
"ဟိတ်ကောင် ဒါနဲ့Gulfမင်းကော ငါနဲ့တူတူနေပါလား"
"Gulfက အကိုနဲ့ နေမှာ"
"ဟမ်"
"ကိုစိတ်မချလို့ ကို့ကွန်ဒိုမှာဘဲ နေခိုင်းလိုက်တာ"
"အော်"
"ကျွန်တော် အခန်းသွားရှာလိုက်ဦးမယ်"
"ကောင်းကောင်းသွားနော် ကလေး"
"ဟမ် ကလေး"
"ကယ်လာ နိုလည်း အကိုနဲ့လိုက်ခဲ့ စီနီယာတွေနဲ့ မိတ်ဆက်ထားပေးမယ်"
"စီနီယာအမ ချောချောလေးတွေပါနော် အကို"
"ဟားးး မလွယ်ဘူးနော်မင်း"