ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို
EP 7"နို မင်း ဝယ်လို့ပြီးဦးမှာလား"
Gulfကိုနိုက မနက်ထဲက ဝယ်စရာလေးတွေရှိလို့ လိုက်ခဲ့ပေးပါဆိုပြီး အတင်းချောဆွဲလာတာ
"နေပါဦးGulfရယ် မင်းကလည်း လောလိုက်တာ ငါကကုန်သွားတာတွေ စဉ်းစားပြီး ဝယ်နေရတာ"
"မြန်မြန်လုပ်"
"အေပါကွာ မင်းကလည်း အရင်ဆုံးငါတို့တခုခုစားရအောင် ငါဗိုက်ဆာနေပြီ"
"အေ အဲ့ဒါကောင်းတယ်"
"ဟဲလို ကိုကို ပြော"
"ကလေး မပြန်လာသေးဘူးလား"
"ပြန်လာတော့မယ်ကိုကို ဒီမှာ ဒီကောင်ရစ်နေလို့
ခဏနေပြန်လာမယ်နော်"
"မြန်မြန်ပြန်လာနော် ကိုကိုလွမ်းနေပြီ"
"အင်းပါ"
"ဟိတ်ယျောင် မင်းကိုကိုက ဘာတဲ့လဲ"
"ကြာနေလို့ မပြန်လာသေးဘူးလားတဲ့"
"အမယ်လေး ကျောင်းပိတ်ရက်လေး အပြင်ထွက်တာကို "
"အော် သူနဲ့ အတူတူနေနေတာဆိုတော့ ငါတခုခုဖြစ်ရင် သူ့မှာ တာဝန်ရှိတယ်လေ အဲ့ဒါကြောင့်စိတ်ပူတာ"
"ငါတော့ မထင်ဘူး အကိုMewက မင်းကို တာဝန်ကျေ ဂရုစိုက်တာ မဟုတ်ဘူးနော်
ဟိတ်ယျောင် မင်းငါ့ကို ဘာလျှို့ဝှက်ထားလဲ"
"ငါက ဘာကိုလျှို့ဝှက်ရမှာလဲ နို မင်း မဖောက်လာနဲ့ ကို့ဘာသာစားစရာရှိတာစား ပြီးရင်ပြန်မယ်"
"အေအေ အပြင်ထွက်တာ သုံးနာရီတောင်မပြည့်သေးဘူး တစ်ယောက်က ဖုန်းဆက်ခေါ်တယ်
တစ်ယောက်ကလည်း ပြန်ဖို့ဘဲ လောနေတယ်
ရိုးကို မရိုးသားနေဘူး"
"နို ပွစိ ပွစိနဲ့ ဘာတွေပြောနေတာလဲ"
"ဟမ် ဘာမှ မဟုတ်ပါဘူး""ကိုကိုရေ ကျွန်တော်ပြန်လာပြီ ဒီမှာ ကိုကိုကြိုက်တဲ့ စတော်ဘယ်ရီသီးဝယ်လာတယ် ကိတ်မုန့်လည်း ပါတယ်"
"ကိုကို့ကလေးက ချစ်ဖို့ကောင်းနေရောဘဲ"
"ဟွန့် ခုမှ သိလား"
"ကလေး ကိုကို့ကို မေမေဖုန်းဆက်တယ်
အားရင် အိမ်ပြန်လာကြပါဦးတဲ့"
"အင်း ကျွန်တော်တော့ မပြန်ချင်ဘူး
ပြန်လိုက်ရင် အချိန်ကကုန်မှာ စာတွေက လုပ်ဖို့ရှိသေးတယ် ကိုကိုဘဲပြန်လိုက်"
"ကလေး မပြန်ရင် ကိုကိုက ဘာလို့ပြန်မှာလဲ ကလေးတစ်ယောက်တည်း ကိုကိုစိတ်မချပါဘူး"
"ကိုကိုရယ် ဘာစိတ်မချစရာရှိလဲ ကျွန်တော်က ကလေးမှ မဟုတ်တာ"
"မသိဘူး ကိုကိုစိတ်မချတာ မချတာဘဲ"
"ကယ်ကယ် ဟုတ်ပါပြီ ဒီတစ်ပတ်တော့ မပြန်နဲ့တော့ ကိုကို နောက်အပတ်မှ ပြန်ကြတာပေါ့"
"ကို့အချစ်လေး သဘောပါဘဲဗျာ"ဒီနေ့ဟာ ကျွန်တော်နဲ့ ကိုကိုရဲ့ တစ်လပြည့်လေးပါ ကိုကို့အတွက်ကျွန်တော် လက်ဆောင်ဝယ်ဖို့ အတန်းဆင်းတော့ ကွန်ဒိုမပြန်ဘဲ ရှော့ပင်းမောဘက် ထွက်လာလိုက်သည်
"ကလေး အတန်းပြီးပြီးလား"
"အော် မပြီးသေးဘူးကိုကို ကိုကိုပြန်နှင့်တော့ ကျွန်တော်ကို့ဘာသာ ပြန်ခဲ့မယ်"
"ဟုတ်ပြီကလေး ဂရုစိုက်ပြန်လာနော်"
"ဟုတ်ကဲ့ပါ"
Gulfလည်း ဝယ်ပြီး ကွန်ဒိုသို့ပြန်လာလိုက်သည်ကိုကိုပြန်မရောက်သေးဘူးထင်တယ်
Gulfလည်း သူ့သော့ဖြင့် တံခါးဖွင့်ပြီး ဝင်လိုက်ရာ
"Happy 1month anniပါ ကိုကို့ကလေးလေး"
ကိတ်မုန့်လေးတစ်လုံးကိုင်ကာရပ်နေသောကိုကို
"ကိုကို"
"ကို့ကို့နားမှာ နောက်ထပ်လပေါင်းများစွာ နှစ်ပေါင်းများစွာ အတူတူရှိနေပေးပါနော်"
Gulfလည်း Mewလက်ထဲမှ ကိတ်မုန့်ကို မီးမှုတ်ပြီး ခုံပေါ်ချလိုက်ကာ Mewကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်လေသည်
"ကိုကိုရယ် ကျေးဇူးတင်ပါတယ် ကလေးအပေါ်မှာအလေးထားပေးလို့"
"ကလေး ရှိသေးတယ်ကိုကိုပေးဖို့ "
ဟုဆိုကာ ဘောင်းဘီ အိတ်က်ထဲကနှိုက်ထုတ်လိုက်သော ဘူးလေးတစ်ဗူး
"လက်ပတ်လေး"
"ဟုတ်တယ် ကိုကိုနဲ့ဆင်တူ "
"ကိုကိုဝတ်ပေး"
"ကြိုက်လားကလေး"
"ကြိုက်တယ် အရမ်း"
"ကိုကို့ကို အရမ်းချစ်တယ်နော်"ဟုဆိုကာ
Mew၏နှခမ်းဆီသို့ အနမ်းတစ်ပွင့် ခြွေလိုက်ပါသည်
"ကလေး"
"ကိုကို့အတွက် တစ်လပြည့်လက်ဆောင်ပေးတာ"
ကလေးနဲ့ကျွန်တော် ချစ်သူဖြစ်တာ တစ်လပြည့်မှ ကလေးဆီက ပထမဦးဆုံးရတဲ့အနမ်း
ကို့ဘက်ကသာ ပါးကလေးကို အခွင့်အရေးရရင် ရ သလိုနမ်းတာပါ ကလေးကတော့ တခါမှ မနမ်းဖူးပါဘူး Mewတစ်ယောက် အပြုံးတွေကတောက်ပနေ
"ကိုကို ပေးစရာရှိသေးတယ် ဒီမှာ "
နာရီလေး ကျွန်တော်တို့ ဆင်တူလေး ပတ်လို့ရတယ် ဘယ်လိုလဲ ကလေးရွေးခဲ့တာ ကိုကိုနဲ့လိုက်သားဘဲ"
"ကို့ကို့ကလေးလေးက အတော်ဆုံးဘဲ ဒါပေမဲ့ ကလေး မုန့်ဖိုးတွေကုန်ပြီပေါ့ ဒါတွေမပေးလည်းရပါတယ် ကလေးရယ် ကို့မှာကလေးရှိနေရင်လုံလောက်ပြီ"
"ကိုကို့ကို ချစ်နေရတာ အဲ့ဒါကြောင့်"
"ကလေး ကို့ကို ပေးနမ်းပါလားဟင်"
"အင်းးး"
"တကယ်လား"
"အင် ကိုကိုနမ်းချင်ရင်နမ်းလေ"
Mewလည်းခွင့်ပြုချက်ရတာနဲ့
Gulf၏နှခမ်းနှင့် သူ၏နှခမ်းကို ဖိကပ်ပြီး အနမ်းများကို ပုံဖော်နေလေတော့သည်