ဒေါက်တာလေးရဲ့အင်ဂျင်နီယာကိုကို
EP 1မေ marketမှာလိုတာလေးတွေလိုက်ကြည့်ရင်း
"ဟင် ချိုလား ချိုဟုတယ်မလား"
"ဟယ် မေ"
"ဟယ်တို့တွေ မတွေ့တာ တော်တော်ကြာပြီချိုရယ် သတိရနေတာ ဖုန်းအဆက်အသွယ်ကလည်းမရဆိုတော့"
"ချိုလည်း သတိရပါတယ်မေရယ်
လာပါ အေးဆေးစကားပြောရအောင်ဆိုင်တစ်ဆိုင်မှာ"
"အဲ့ဒါကောင်းတယ် သွားရအောင်လာ"
"မေတို့ကတော့ ခုထိလှတုန်းဘဲ"
"အမယ်လေး ချိုက တို့စိတ်ချမ်းသာအောင်ခုထိပြောတက်တုန်းနော် ချိုလည်း ၁၀နှစ်အတွင်း မပြောင်းလဲသွားပါဘူးနော် လှတုန်းဘဲ"
"ချိုကဒီကို ဘယ်လို"
"အကိုတာဝန်ဒီမှာကျလို့ အဲ့ဒါနဲ့ချိုတို့လည်း အပြီးပြောင်းလာလိုက်တော့တာ ဟိုမှာ မေမေနဲ့ဖေဖေတော့ ကျန်ခဲ့တာပေါ့ အကူတွေထားခဲ့ပေမဲ့လည်း စိတ်တော့သိပ်မချသေးပါဘူး ဒါပေမဲ့ ချိုလည်း တက်နိုင်ဘူးလေ တစ်နှစ်တစ်ခါတော့ ပြန်ဖြစ်အောင်တော့ပြန်ရမှာပေါ့"
******
"ဟမ် တို့တွေ အိမ်နီးနားချင်းဘဲ"
"ဟုတ်လား မေတို့ ဒီမြို့မှာ နေတယ်လို့တော့ ကြားမိပေမဲ့ မထင်ထားဘူး အိမ်နီးနားချင်းလို့"
"ချိုတို့ မနေ့ကမှ ပြောင်းလာတာလား"
"ဟုတ်တယ် မေ မနေ့ကမှ ပြောင်းလာတာ"
"အော် အိမ်နဲ့ခြံကို ဝယ်လိုက်တယ်တော့ကြားတယ် ချိုတို့ဖြစ်နေတာကို"
"အော် ဘယ်လိုဘဲဖြစ်ဖြစ် တို့တွေက သူငယ်ချင်းတွေဘဲ ခုလို အိမ်နီးတော့ ဘယ်လောက်ကောင်းလဲ တခုခုလိုရင်ပြောနော်
အားမနာနဲ့"
"ကျေးဇူးပါ မေရယ်"
"ဒါနဲ့ ငါ့သမက်လေးကော တော်တော်အရွယ်ရောက်လာပြီလား"
"သားလေးက ဒီနှစ်ဘဲ အထက်တန်းပြီးသွားတာလေ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတာ အဲ့ဒါကျရင် ဒီမှာဘဲကျောင်းတက်မှာ""ေအာ် တို့တွေ တနေ့လောက် ညစာ တူတူစားကြတာပေါ့ ချို"
"ချိုချက်ကျွေးမယ်လေ"
"ပြောမလို့ အားနာလို့ ချို့လက်ရာကို မေလွမ်းနေတာ"
"ဟုတ်ပါပြီ ချို ဖုန်းဆက်လိုက်မယ်လေ မေ့ဖုန်းနံပါတ်ပေး "
သူငယ်ချင်းနှစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း
ကြုံခဲ့ရတဲ့ ကိစ္စလေးတွေလည်းပြောရင်း
ငယ်ငယ်က အကြောင်းလေးတွေလည်းပြောရင်းနဲ့ နည်းနည်းကြာမှ
"ကယ် ပြန်ကြတာပေါ့ နောက်မှ အေးဆေး ထပ်တွေ့ကြမယ်လေ"
"ok"
မေနဲ့ချိုနဲ့က အလယ်တန်းကတည်းကသူငယ်ချင်း တက္ကသိုလ်တက်လည်း အတူတူ
ဘွဲ့ရလည်း အတူတူ မေကအိမ်ထောင်အရင်ကျတယ် အဆက်အသွယ်ပျက်သွားတာကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က မေ့ရဲ့ မေမေဆုံးပြီးကတည်းက မေ့ခင်ပွန်းနေတဲ့ မြို့ကို ပြောင်းသွားကြတော့ အဆက်အသွယ်ပြတ်သွားကြတာ
ငယ်ငယ်က တမြို့ထဲနေပေမဲ့ အိမ်တော့မနီးဘူး ချို့ကို ပေးထားတဲ့မေ့ဖုန်းနံပါတ်ကလည်း
ပျက်သွားတာကြောင့် အဆက်အသွယ်မရခဲ့ဘူး
ကလေးနှစ်ယောက် ပညာရေးနဲ့ ခင်ပွန်းဖြစ်သူရဲ့အလုပ်တွေပါ ကူညီရတာကြောင့် မွေးရပ်မြေကိုလည်း မပြန်ခဲ့တာ ၁၀နှစ်ရှိပါပြီ မေနဲ့ချိုက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပေမဲ့ မေကသွက်သွက်လက်လက် ထက်ထက်မြက်မြက်
ချိုက ရိုးရိုးအေးအေးလေးMewလည်း ကျောင်းပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ ဆုံပြီး အိမ်အပြန် အိမ်အသစ်ရှေ့တွင်
အပေါ်က အင်္ကျီအဖြူတီရှပ်လေးနဲ့ အောက်က
ဘောင်းဘီအတိုလေး ဝတ်ထားတဲ့ ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်
စိတ်ထဲက ရင်းနှီးနေသလိုခံစားရ၍ ကားကိုရပ်ကာ
"ပြောင်းလာကြတာထင်တယ်"
"ဗျာ"
"ပြောင်းလာကြတယ်ထင်တယ်လို့"
"ဟုတ်"
"အော် ကိုယ်က တစ်ခြံကျော်ကပါ"
"ဟုတ်"
"ဒါဆို သွားပြီနော်"
"ဟုတ်ကဲ့"Mewက အင်ဂျီနင်ယာမေဂျာက တတိယနှစ်ကျောင်းသား smartကျတဲ့နေရာမှာ နှစ်ယောက်မရှိ စာကလည်းတော် ရုပ်ရည်ကလည်း
အပြစ်ပြောစရာမရှိတော့ အပျိုတွေဝိုင်းဝိုင်းလည်နေတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
ဒါပေမဲ့ သူ့ကို ကြိုက်တဲ့ ကောင်မလေးတွေကို
အဖတ်တောင်ပြန်မလုပ်လို့ အချေကိုကိုလို့ နာမည်ပြောင်ရထားတဲ့လူမျိုး တစိမ်းတစ်ယောက်ကို သူ့ဘက်ကစပြီး မိတ်ဆက်တာမျိုးမရှိခဲ့ပေမဲ့ ခုကောင်လေးကို သူရင်းနှီးနေသလိုခံစားရလို့ စကားသွားစပြောမိတာကို
တဟုတ်ဟုတ်နဲ့ ပြန်ဖြေနေတော့ သူလည်း ထွက်ခဲ့လိုက်တယ်"အော် သား မေမေ့ကို ထွက်စောင့်နေတာလား"
"ဟုတ်တယ် မေမေကြာနေလို့"
"ဟုတယ် အန်တီမေနဲ့တွေ့လို့ မေမေစကားပြောနေတာ""ဒီမှာလေ အန်တီမေကို သားမှတ်မိလား"
"ဟို."
"ချိုရယ် သားဘယ်မှတ်မိပါ့မလဲ အဲ့တုန်းက သားက၈နှစ်လောက်ဘဲရှိသေးတာကို"
"သားက ချောလာလိုက်တာ အရွယ်ရောက်လာတော့"
"ကျေးဇူးပါအန်တီ အန့်တီ့ကို မမှတ်မိလို့ တောင်းပန်ပါတယ်နော်"
"အမယ်လေး ရပါတယ်သားရယ် ချိုနဲ့တစ်ပုံစံတည်းနော် သားကလိမ္မာနေရော"
"ကယ် ဒါဆို မေ ပြန်တော့မယ် ချို"
"ကျေးဇူးတင်တယ်နော် မေ
ချိုဖုန်းဆက်လိုက်မယ်လေ"
"ဟုပြီ ချို "
"သား အန့်တီကို ခွင့်ပြုဦးနော်"
"ဟုတ်ကဲ့ပါ အန်တီ "