ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို Final

399 26 0
                                    

ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို Final

တစ်နှစ်ခန့်ကြာသော်....
"ဟာဖေဖေ မဖြစ်နိုင်ဘူး"
"ဘာလို့မဖြစ်နိုင်ရမှာလဲသားရယ် ဖေဖေ့လုပ်ငန်းတွေကို သားဘဲ ဦးစီးရမှာလေ ခုသားက တစ်နှစ်ကျောင်းတက်ပြီးပြီး နောက်ထပ်၂နှစ်လေး အလုပ်လေ့လာလိုက်ရင် ပိုပြည့်စုံသွားတာပေါ့သားရယ်"
"အလုပ်လေ့လာတာ ဖေဖေ့ကုမ္ပဏီမှာလည်း လေ့လာလို့ရတာဘဲလေ ဖေဖေရယ် လုပ်ပါနော်"
"ဖေဖေ့ကုမ္မဏီမှာ လေ့လာလို့ရတယ်ဆိုပေမဲ့လည်း သားရယ် သားအန်ကန်ဆီမှာလေ့လာတော့ ပိုအမြင်ကျယ်တာပေါ့ "
"မရဘူး ဖေဖေရာ"
"တိတ်Mew မင်းငါ့ကို အထွတ်မတက်နဲ့ မနက်ဖြန်မင်းကို မင်းအန်ကယ် လာကြိုလိမ့်မယ်"
"ဖေဖေ"
"ဟား ဖုန်းချသွားပြီ"
📲📲📲📲📲
"ဟယ်လိုမေမေလား ဖေဖေ့ကို ပြောပေးပါဦး"
"သား မေမေပြောတာသေချာနားထောင်နော်
ဖေဖေလုပ်တာက သားအတွက်ပါသားရယ် သားသာ အဘက်ဘက်ကပြီးပြည့်စုံတဲ့CEOကြီးတစ်ယောက်အဖြစ်နဲ့တွေးကြည့်စမ်းသား အဲ့လိုဖြစ်‌တဲ့အချိန်ကျရင် သားမှာ အားနည်းချက်ရှိနေလည်း သားကို ဘယ်သူမှ နှခေါင်းရှုံ့ရဲကြမှာ မဟုတ်ဘူးသားရဲ့မေမေပြောတာနားလည်လား"
"မသိဘူးမေမေရာ သားပြန်လာချင်တာဘဲသိတယ်"
"သားGulfကို လွမ်းနေတယ်ဆိုတာ မေမေသိပါတယ်"
"မေမေက ဘယ်လို"
"မင်းတို့ကိုမွေးခဲ့တဲ့ မိဘတွေပါကွယ် မင်းတို့က တို့တွေကို လျှော့တွက်တာကို အဲ့တော့ သားစဉ်းစားကြည့်  သားပြန်လာတဲ့အခါကျရင် Gulfကလည်း ကျောင်းပြီးပြီး သားကလည်း လုပ်ငန်း‌တွေကိုဦးစီးနိုင်ပြီ အဲ့ခါကျရင် မေမေတို့လည်း စိတ်ချရပြီ ကယ်ကယ် ဒါဘဲ မေမေ အလုပ်လေးတွေရှိသေးလို့"
မေမေဖုန်းချသွားတော့
"ဒီအမတစ်ယောက်တော့ ငါစိတ်ချရမယ်ထင်ထားတာ"
📲📲📲📲📲
"ဟယ်လို အမပန်"
"ဖြည်းဖြည်းပြောပါ Mewရယ် ငါ့နားကွဲ‌တော့မယ်"
"အမဘယ်လိုလုပ်လိုက်တာလဲ"
"ဘာလုပ်လို့လဲ ဟဲ့ အစမရှိ အဆုံးမရှိ"
"ကျွန်တော်နဲ့ ကလေးကိစ္စ"
"မေမေပြောလို့လား"
"ဟုတ်တယ်"
"အဲ့ဒါငါပြောပြတာမဟုတ်ဘူး အဲ့နေ့က နင်ပြောနေတုန်း မေမေကြားသွားတာ"
"ဟမ် ဒါဆို မေမေသိတာ ကြာပြီပေါ့"
"ဟုတ်တယ်"
"ဒါဆို တီချိုတို့ကော"
"မေမေသိမှတော့ တီချိုတို့ မသိဘဲနေမလား"
"ဟား သွားပါပြီ"
"စိတ်ပူမနေနဲ့ လူကြီးတွေက နင်တို့ကို နားလည်ပေးတယ် နင်ပြန်လာရင် နင်ကိုယ်တိုင်ဖွင့်ပြောလိုက် ခုတော့ ကြိုးစားအလုပ်ကို ဒါဘဲ ငါမအားဘူး"
လူကြီးတွေသိသွားလည်း အေးတာဘဲ ပြောစရာမလိုတော့ဘူးပေါ့ ခုဟာက ကလေးနဲ့၂နှစ်တောင်ထပ်ခွဲရမဲ့ ကိစ္စ ၁နှစ်တောင်သေတော့မယ် ဒီမှာ လွမ်းလွန်းလို့ ပြေးတွေ့လို့ရရင် ပြေးတွေ့လိုက်ချင်တယ် ကလေး‌ရယ်

ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကိုWhere stories live. Discover now