ဒေါက်တာလေးရဲ့အင်ဂျင်နီယာကိုကို EP 9

335 23 0
                                    

ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို EP 9

ဘာလိုလိုနဲ့Mewတို့ရည်းစားဖြစ်တာ ၂နှစ်ရှိပါပြီ
ဒီနှစ်ကတော့ Mewကနောက်ဆုံးနှစ် Gulfက တတိယနှစ်ဖြစ်ပြီပေါ့ ကံကောင်းတာက သူတို့နှစ်ယောက်ကိစ္စကို အိမ်ကမရိပ်မိခဲ့တာပါဘဲ
သူတို့လည်း ကျောင်းဖွင့်ချိန်ဆို အိမ်သိပ်မပြန်ကြတော့ဘဲ တစ်လကို တခါလောက်ဘဲ ပြန်ဖြစ်တာလည်း ပါမယ်ထင်တယ် အိမ်ပြန်တဲ့နေ့တွေ‌ဆိုလည်း ဖုန်းဘဲ ပြောပြီး သိပ်မတွေ့ကြဘူးဆိုတော့ လူကြီးတွေလည်း သိစရာအကြောင်းသိပ်မရှိခဲ့ဘူးလေ

"ကလေး"
"ပြောလေ ကိုကို"
"ကိုကိုက ဒီနှစ်ပြီးရင် ပြီးပြီး"
"အင် အဲ့တော့"
"ဘာအဲ့တော့လဲ ကိုကိုကျောင်းပြီးရင် ကလေးက တစ်ယောက်တည်း ကျန်ခဲ့မှာလေ"
"ကိုကိုရယ် ကျွန်တော်လည်း တတိယနှစ်ဖြစ်နေပြီဘဲ ကလေးမှမဟုတ်တော့တာ ခုထိ စိတ်မချသေးဘူးလား ပြီးတော့နိုလည်းရှိတာဘဲ "
"မဟုတ်ဘူးလေ "
"တော်ပြီကိုကို မပြောနဲ့တော့ ကျွန်တော်လည်း ကို့ကိုယ်ကိုထိန်းသိမ်းနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်နေပါပြီ ကိုကိုလည်း အဲ့လောက်ထိ စိုးရိမ်မနေပါနဲ့ နော်"
"အင်းပါ"
ကလေးကို ဘယ်လိုပြောရပါ့မလဲ ကိုကို‌နိုင်ငံခြားကို ပညာတော်သင်သွားမဲ့ကိစ္စကို ကလေးနဲ့ကိုကို တစ်ရက်လေးတောင် မခွဲနိုင်တာ တစ်နှစ်ဆြိတဲ့အချိန်ကြီးကို ဘယ်လိုဖြတ်ကျော်ရမှာလဲ ကလေး‌ရယ်  ကလေးကိုကော ကိုကိုဘယ်လို စိတ်ချ လက်ချ ထားခဲ့နိုင်ပါ့မလဲ

အမှန်တကယ်တော့ ကျောင်းပြန်မဖွင့်ခင် ဖေဖေက သူ့ကို ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို တစ်နှစ်ပညာတော်သင်သွားရမယ်ဆိုပြီး တစ်ချက်လွှတ်အမိန့်ပေးထားတာပါ နီးမှပြောရင် သူငြင်းမှာဆိုးလို့ ကြိုတင်ပြင်ဆင်လြိုရအောင်လို့လည်း ပါပါတယ် ခုကတည်းက ကြိုပြောထားတာပင်ဖြစ်သည် အများအနေနဲ့ကြည့်ရင်တာ့ တစ်နှစ်ကာ ဘာမှ မဟုတ်ပေမဲ့ သူကတော့ သူချစ်ရတဲ့ ကလေးနဲ့ဝေးရမှာဆိုတော့ တစ်နှစ်မပြောနဲ့ တစ်စက္ကန့်လေးတောင်မှ လွမ်းနေရတဲ့အဖြစ် ခုလိုမျိုးနေ့တိုင်းတွေ့နေရတာတောင် ကျောင်းမှာ နေ့လည်ဘက်လေး မတွေ့ရရင် သူ့မှာ မိုးပြိုတို့မလို အထိ ဒီကလေးကိုချစ်ရပါသည် အိမ်ပြန်တဲ့နေ့တွေဆို ကလေးက အိမ်ကို မလာဖို့တားထားတာကြောင့် သူကလေးကို စိတ်အနှောက့်အယှက်မဖြစ်စေလို၍သာ လက်ခံခဲ့ခြင်းဖြစ်သည်

ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကိုWhere stories live. Discover now