ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို Extra

640 24 0
                                    

ဒေါက်တာလေးရဲ့အင်ဂျင်နီယာကိုကို
Extra

ကလေးကို လက်ထက်ခွင့်တောင်းပြီး တစ်နှစ်လောက်ကြာတော့ ကျွန်တော်တို့ လက်ထက်ဖြစ်ခဲ့ကြပါတယ် လက်ထက်ပွဲလေးကိုတော့ ကလေးရဲ့သဘောအတိုင်း ကျွန်တော်တို့ခြံလေးထဲမှာဘဲ အကျဉ်းရုံးလေးလုပ်လိုက်ပါတယ်

ဒီနေ့ကတော့ ကလေးရဲ့ နောက်ထက်ဆန္ဒတစ်ခုဖြစ်တဲ့ ဘိုးဘွားရိပ်သာမှာ အလှုလေးလာလုပ်တာပါ

အဘိုးအဘွားတွေကို နားကြပ်ကလေးနဲ့စမ်းပြီး အပြုံးချိုချိုလေးနဲ့ စကားပြောနေပုံလေးက တကယ် ရင်ထဲအေးရပါတယ် လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက အင်္ကျီအဖြူ ဘောင်းဘီတိုတိုလေးနဲ့ စတွေ့ခဲ့တဲ့ ကလေးလေးက ခုကို့ရှေ့မှာ လူကြီးလေးတစ်ယောက်ဖြစ်နေပြီ ပြီး‌တော့ ကိုတန်ဖိုးအထားရဆုံး မြတ်နိုးရဆုံး လူသားလေးဆိုလည်းမမှား ခုလိုမျိုးဘဲ ကလေးအနားမှာနေရင်း ကလေးဖြစ်ချင်တာ မှန်သမျှကိုဘဝတစ်လျှောက်လုံး မညိုညင်ဘဲ ဖြည့်‌ဆည်းပေးသွားချင်တယ်

"ကိုကို ဘာတွေတွေးနေတာလဲ မျက်နှာကလည်းစပ်ဖြီးဖြီးနဲ့"
Mewလည်း သူ့ကလေးကို အငေးလွန်နေတာ ကို့နားဘယ်ချိန်ရောက်လာလဲမသိ
"ကလေး ပြီးသွားပြီးလား"
"အင်း ဒီအခန်းက အကုန်ပြီးသွားပြီး"
"ကိုကိုမေးနေတယ်လေ ဘာတွေးနေလို့ မျက်နှာက သကြားပျားရည်ဆမ်းဖြစ်နေရတာလဲလို့"
"ဟားးး ကလေးရယ် ကိုကိုက ဘာတွေးနေရမှာလဲ ကလေး အဘိုးအဘွားတွေကို စကားပြောတာကြည့်ပြီး ကိုကိုကသဘောကျလို့ပါ"
"ဟွန်း ကိုကိုကယုံရတာမဟုတ်ဘူး"
"ကလေးကလည်း ကိုကိုတကယ်ပြောတာပါကွာ"
"ကလေးက စတာပါ ကိုကိုရယ် ကိုကိုမောနေပြီးလား"
"ကိုကိုက ‌ကလေးကိုမေးရမှာ ကိုကိုကဘာမှလုပ်ရတာမှ မဟုတ်တာ မမောပါဘူး"
"ဟုတ်ပါပြီ‌ဗျာ ဒီအခန်းပြီးရင်တော့ ကြည့်ပေးစရာ အဘိုးအဘွားတွေကုန်ပြီ"
ကလေးလည်း တစ်ခန်းဝင်တစ်ခန်းထွက် အဘိုးအဘွားတွေကို စမ်းသပ်ပေးရင်း နေ့လည်တောင်ရောက်လာပါပြီ ကလေးကစမ်းသပ်ပေးရုံမက တချို့အဘွားတွေနဲ့ဆို စကားစမြည်လေးပါပြောလိုက်သေးတာ

"ကလေး ပင်ပမ်းနေပြီလား"
"မပင်ပမ်းပါဘူးကိုကိုရယ် နေ့တိုင်းဒီလိုဘဲ လုပ်နေရတာဘဲကို"
"ကိုကိုကစိုးရိမ်လို့ပါ"
"သိပါတယ်ကိုကိုရယ် ကိုကို"
"ပြောလေ ကလေး"
"ကလေးတို့လေ တစ်နှစ်မှာနှခါလောက်တော့ ဒီကိုလာလှူရအောင်‌နော်"
"ကလေး သဘောပါဗျာ"
"ဒါမှ ကလေးရဲ့ကိုကို"
ဟုဆိုကာ ကို့ပါးလေးကို ညင်ညင်သာသာလေးလာနမ်းတဲ့ကလေးကို ဖျစ်ညစ်ပြစ်လိုက်ချင်တဲ့စိတ်ကို မနည်းထိန်းထားရပါသည်
"ကယ်ကိုကို ကျွန်တော့ကို အိမ်ရောက်မှဆက်ကြည့်မောင်းတော့ အိမ်ပြန်ပြီနားချင်ပြီ"
"ဟုတ်ကဲ့ပါဗျ"
အိမ်တောင်မရောက်သေးဘူး လမ်းထဲမှာတင် အိပ်ပျော်ခဲ့တဲ့ ကလေးလေးကို မနှိုးရက်တာကြောင့် ကွန်ဒိုရောက်တော့ အခန်းထဲသို့ ချီခဲ့လိုက်ပါသည်

ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကိုWhere stories live. Discover now