ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို
EP 3“မေမေရေ မေမေ”
“ဘာလဲသားရယ် အလောတကြီးနဲ့”
“မေမေဗျာ သားကို ဘာလို့ ညီလေးတို့ ပြောင်းလာတာမပြောတာလဲ”
“အော် အဲ့ဒါလား မေမေကဒီနေ့ဘဲပြောမလို့”
“မေမေတို့များနော် အဲ့လို အရေးကြီးတဲ့ကိစ္စဆိုရင်တော့ မပြောဘူး ”
“အမယ်လေး သားရယ် မေမေပြောမလို့ပါဘဲ သားကအိမ်မှာနေလို့လားပြော”
“သားကကျောင်းပိတ်တုန်းလေး သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာကို မေမေက ညိုညင်တာလားပြော”
“မဟုတ်ပါဘူးသားရယ် အဲ့နေ့က အန်တီချိုနဲ့တွေ့တဲ့အကြောင်း ညစာစားရင်းမေမေ ပြောလို့ မင်းအမတောင်သိpp သားဘဲ အဲ့ညက သူငယ်ချင်းတွေနဲ့ အတူသွားစားမလို့ဆိုပြီး ထွက်သွားတာမဟုတ်ဘူးလား ကယ်ပြော”
“ဟုတ်ပါတယ် မေမေရယ် သားအပြစ်ဘဲထားလိုက်ပါတော့”
“ကို့အပြစ်ကိုသိရင်ပြီးတာဘဲ”
“မေမေသိလား Gulfလေးက ချစ်ဖို့ကောင်းလာလိုက်တာ”
“အံမယ် အံမယ် မင်းကခုတော့ သူများကို ချီးကျူးတက်ပြီပေါ့လေ”
“တော်ပြီ သားအခန်းထဲသွားတော့မယ် မေမေတို့ကာ ကို့သားလေးတစ်ယောက်ရှိတာ အကောင်းကို မမြင်ဘူး”
“အမယ်လေး ကိုယ်တော်ချော သူကဘဲ ပြောရတယ်ရှိသေးတယ်”“ညေနကျရင် အန်တီချိုတို့အိမ်မှာ ညစာသွားစားကြမယ်ဆိုတော့ ဖေကြီးက စောစောပြန်လာနော် သမီးကောဘဲ”
“ဟုတ်ကဲ့မေမေ”
“မေမေ သားကကော”
“အော် သားက တနေ့လုံးအားနေတာဘဲကို မေမေတို့နဲ့ ဈေးဝယ်ဖို့ လိုက်ခဲ့”
“ဟုတ်ကဲ့”“ချိုရေ ချို ”
“အော် မေလာပြီ”
“လာသွားကြမယ်”
Gulfက ကားအနောက်ခန်းကို ဖွင့်ဖို့လုပ်တော့
“Gulf အရှေ့လာလေ”
“သားအရှေ့မှာထိုင်လိုက် မေကြီးက အန်တီမေနဲ့ အနောက်မှာထိုင်လိုက်မယ်”
“ဟုတ်ကဲ့”
Mewက ကားမောင်းရင်းနဲ့Gulfကို ခဏခဏ လှည့်ကြည့်နေမိသည်
“အကို ကားကိုသေချာမောင်းသင့်တယ်”
“အကိုသိပါတယ်”ဈေးထဲရောက်တော့ မေမေနဲ့ တီချိုနဲ့က အရှေ့ကနေ လိုအပ်တာတွေကို ဝယ်ပြီးGulfနဲ့Mewနဲ့က အထုပ်တွေကို ဝိုင်းသယ်ပေးရသည်
Gulfလက်နှစ်ဖက်လုံးကော Mewလက်နှစ်ဖက်လုံးကို အိတ်တွေနဲ့ပြည့်သွားတဲ့အချိန်မှာတော့
“မေကြီး ဒါ ဘယ်နှလစာလဲ”
“ဟုတ်ပါတယ်မေမေရယ် တော်ပါတော့ ဝယ်ချင်ရင်လည်း မေမေတို့ဘာသာဆွဲခဲ့တော့ လာGulfသွားမယ် ကိုတို့”
“ချို ဘာထပ်ဝယ်ဦးမလဲ”
“လုံလောက်ပြီ ထင်တယ်နော် မေ ”
လာပါ ဟိုဘက်က မုန့်ချိုတွေနဲ့ အသီးတွေရောင်းတဲ့ဘက် တစ်ချက်သွားကြည့်ရအောင်