အပိုင်း ၂၄
ရှင်းယာ ဘားသို့မရောက်ဖူးသော်လည်း ချန်ရှင်းကတော့ လာနေကျဖြစ်ဟန်တူသည်။ ချောင်ကျကျတစ်နေရာသို့သွားထိုင်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့သည်။ သူမ မူးလာသည်နှင့် အတူရှိနေသောရှင်းယာတစ်ယောက်အရစ်ခံရတော့သည်။
"သူ့ကိုယ်သူဘာများထင်နေလဲမသိဘူး ဘဝင်မြင့်နေတဲ့ဟာမ...ချီးပဲ...ဟိုကောင်မကလည်း သူ့ကိုပဲကပ်ဖားနေတာြမင်လို့တောင်မကောင်းဘူး...ေအ့...ငါပြောမယ်ဟာ ငါ့အဖေက သူ့အဖေနဲ့စီးပွားရေးအရပူးပေါင်းတော့မှာမို့လို့ သူနဲ့အဆင်ပြေအောင်ပေါင်းနေတာကို အဲ့ဒီသောက်ကောင်မက သူ့ကိုယ်သူမင်းသမီးလေး ထင်နေတာလေ...ငါကလေ သူငယ်ချင်းပေါင်းပြီဆိုရင် စိတ်နှစ်ပြီးပေါင်းတတ်လို့ သူတို့နဲ့အဆင်ပြေအောင်နေပေးတဲ့ဟာကို သက်သက်လူလည်ကျတာ...တစ်နေ့ သူ့ပါးကိုပြန်ချအုံးမယ်...''
"အဲ့ဒီတုန်းကဘာလို့ပြန်မလုပ်လိုက်တာလဲ''
"သူတို့က နှစ်ယောက်လေဟာ လုပ်ရင်ငါပဲခံရမှာပေါ့ အခုလုပ်ဆိုရင်သွားလုပ်ရဲတယ် ငါ့ဘက်မှာနင်ရှိနေပြီမလား...''
"...''
...ငါ့ကိုလူမိုက်လာမငှားနဲ့နော်...
"ညမှောင်နေပြီ ပြန်ရအောင် နင့်အဆောင်ကိုလိုက်ပို့ပေးမယ်''
"မသွားဘူး...အဆောင်မှာ ဟိုေကာ င်မနှစ်ကောင်နဲ့...''
"ဘာပဲဖြစ်ဖြစ် ဒီမှာတော့နေလို့မရဘူး ထ...''
မူးပြဲနေသောချန်ရှင်းကိုတွဲထူကာ ယိုင်တိယိုင်တိုင်လျှောက်လာရင်း ဘားရှေ့ရောက်သောအခါ ကျောင်းဆရာဝန်တို့နှစ်ယောက်နှင့်တည့်တည့်တိုးလေသည်။ မျက်နှာချင်းဆိုင်တွေ့နေရသဖြင့် ရှင်းယာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျောင်းဆရာဝန်၏ဘေးမှလူကိုမြင်လိုက်သောအခါ သူမအံ့အားသင့်သွားပြီး နှုတ်မှလွှတ်ခနဲထွက်သွားသည်။
"သခင်...''
သူမရှေ့က ထိုလူသည် အိပ်မက်ထဲမှသူမချစ်လှစွာသော သခင် ချောင်ဘုရင်နှင့်ချွတ်စွပ်ကိုတူလေသည်။ ထိုလူကလည်း သူမခေါ်သံကြောင့် သူမကိုလှည့်ကြည့်လာသည်။ စက္ကန့်အနည်းငယ်အကြည့်ချင်းဆုံပြီးနောက် ရှင်းယာ၏စိတ်တို့ လက်ရှိကိုပြန်ရောက်လာသည်။
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...