အပိုင်း ၃၄
အဆောင်နှင့်ခပ်လှမ်းလှမ်းတွင်ကားရပ်လိုက်ပြီး...ရှယွင်ဖန်းသည် သူမအား အကြွေးတောင်းတော့သည်။
ထို့ကြောင့် မတတ်သာတော့ဘဲ wechatတွင်add၍ ငွေပေးချေလိုက်ရတော့သည်။ သို့သော်သူမက အရွက်ကြော်ဖိုး
သာလွှဲပေးလိုက်ခြင်းဖြစ်သည်။စားသောက်ဆိုင်တွင်စားခဲ့ဟင်းပွဲများသည် အလွန်စျေးကြီးပြီး သူမက အရွက်ကြော်တစ်မျိုးထဲကိုသာစားလိုခဲ့ခြင်းဖြစ်သည်။ ပုစွန်နှင့် ငါးကင်က သူထည့်ပေးတာဖြစ်၍ သူမရှင်းဖို့မလိုဘူးဟု ခံစားရသည်။ သို့သော်လည်း သူမ စိတ်မလုံမလဲဖြင့် သူ့အားကြည့်လိုက်မိသည်။
သူကတော့ထုံးစံအတိုင်းအမူအယာကင်းမဲ့စွာဖြင့် ဖုန်းကိုကြည့်နေသည်။
ရှယွင်ဖန်းသည် သူမလွှဲပေးသောပိုက်ဆံအရေအတွက်ကို ကြည့်တောင်မကြည့်ပေ...သူကြည့်နေသည်မှာ သူမ၏အကောင့်ကိုဖြစ်သည်။ သူမ၏အကောင့်တွင် ပုံတစ်ပုံသာ တင်ထားသည်။ အခြားပုံမရှိ ဘာပို့စ်မှမရှိ...
သူ့လက်ထောက်ကိုစုံစမ်းခိုင်းထားသော သူမအကြောင်းထဲတွင် သူငယ်ချင်းမရှိဘဲ တစ်ယောက်ထဲအနေများသည်ဟု အစီရင်ခံထားသည်ကိုသတိရသွားသည်။
"ဒါဆို လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ခွင့်ပြုပါအုံး''
သူမအဆောင်သို့ပြန်ရောက်သောအခါ အန်းရန်ရှီ က စိုးရိမ်တကြီးဆူပူတော့သည်။
"ဘယ်လိုဖြစ်တာလဲ ဘာမှမပြောဘဲပြေးထွက်သွားတာ...ငါအခုပဲရဲတိုင်တော့မလို့...ချန်ရှင်းက အဆောင်မှုးကိုသွားပြောတယ်''
ထိုစဥ် ချန်ရှင်းဝင်လာလေသည်။
"ယာယာ နင်ပြန်ရောက်နေပြီလား...ငါက အန်တီဝေ့ကိုတောင်ပြောပြီးပြီ...''
"ငါတောင်းပန်ပါတယ် အလျင်လိုသွားလို့နင်တို့ကိုမပြောလိုက်မိဘူး''
"ရတယ် ရတယ် ပြန်ရောက်လာရင်ပြီးရော...ဟူး...ငါအန်တီဝေ့ဆီပြန်သွားလိုက်အုံးမယ်''
"ကျေးဇူးတင်ပါတယ်ဟာ နောက်နေ့ နင်တို့ကိုငါကျွေးပါ့မယ်''
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...