အပိုင်း ၁၈
အသားခပ်ညိုညိုနှင့် သန်သန်မာမာရှိနေဟန်တူသော အသက် ၆၀အရွယ်အဖိုးအိုသည် ကပြာကယာပြေးထွက်လာပြီး ရွာသားခေါင်းဆောင်အားဆူပူလိုက်သည်။
"အားညို ဒီနေ့ဧည့်သည်တော်လာမယ်လို့ ငါသေသေချာချာမပြောခဲ့ဘူးလား မင်းဘယ်လိုလုပ်လိုက်တာလဲ''
အားညို ဟူသော ရွာသားခေါင်းဆောင်သည် လူစိမ်းအား ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်သည်။
"ဒါဆို သူက...''
"ငါတို့မျှော်နေတဲ့ ဧည့်သည်တော်ပဲ''
ကြီးကြယ်မြင့်မြတ်သော ဧည့်သည်တော်သည် အသုံးမကျသော မိန်းကလေးငယ်တစ်ယောက်နှင့်အတူ ရောက်လာလိမ့်မည်ဟု မထင်ခဲ့မိသဖြင့် သူ့အပြုအမူက ရိုင်းစိုင်းသလိုဖြစ်သွားခဲ့သည်။
"ကျုပ်တောင်းပန်ပါတယ် ဧည့်သည်တော်''
"အရှင် ဒီဘက်ကိုကြွပါ''
ချောင်ဘုရင်သည် ရှင်းယာအား လှည့်ကြည့်ကာ...
"ဒီမှာနေခဲ့''
"ဟုတ်''
ထို့နောက် အားညိုသည် ရှင်းယာအား အားတုံ့အားနာနှင့် တောင်းပန်စကားဆိုလေသည်။
"ဟိုလေ မိန်းကလေး ကျုပ်မင်းကိုတောင်းပန်ပါတယ်နော် ခုဏကရိုင်းပြမိတဲ့အတွက်ပါ''
"ရပါတယ် ကျွန်မက လှပေမဲ့ သဘောကောင်းပါတယ် အဟမ်း...''
"ဒါပေါ့ ဒါပေါ့ မိန်းကလေး ဒီဘက်ကိုကြွပါ စားစရာတွေပြင်ထားပါတယ်''
စားစရာ အသံကြားသည်နှင့် ရှင်းယာတစ်ယောက် အူမြူးသွားသည်။
"ဘယ်မှာလဲ သွားကြမယ်''
** တဖြည်းဖြည်းနှင့် အပြုအမူများကိုမထိန်းချုပ်နိုင်တော့သော ရှင်းယာသည် သူမ၏အမည်မှလွဲ၍ မည်သည့်အရာကိုမှ မမှတ်မိတော့သည့်အပြင် စပ်စလူးကိုယ်ရည်ကိုယ်သွေးများ၏ လွှမ်းမိုးခြင်းကို လုံးဝခံလိုက်ရတော့သည်။**
(**အစထဲက ရှင်းယာထူးဆန်းနေတယ်နော် ဒါလေးကို သတိထားမိလား)
သူမတို့နှစ်ဦး မုဆိုးရွာတွင် တစ်ညအိပ်ပြီးနောက် ခရီးထွက်ရန်ပြင်ဆင်ရတော့သည်။ ခရီးစဥ်မှာ ဝေးလံသောဒေသတစ်ခုရှိ နှင်းရေခဲတောင်သို့သွားရန်ဖြစ်သည်။
KAMU SEDANG MEMBACA
I'm Not A Villian(oc) (Completed)
Fantasiဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...