အပိုင်း ၂၁
"ဒါက...နတ်ဘုရားသစ်ပင်ရဲ့အမြစ်တွေပဲ''
"ဘာနတ်ဘုရားသစ်ပင်လဲ ဒါတကယ့်ကိုမိစ္ဆာသစ်ပင်ပဲ''
လီလီ၏ တုန်ရီနေသောအသံသည် သူမမည်မျှထိတ်လန့်နေကြောင်းသက်သေပြနေသည်။ ယခုဆိုလျှင် အားညိုနှင့်ပါလာသော ရွာသား၃ယောက်လုံးမှာ အနိစ္စရောက်သွားကြပြီဖြစ်သည်။
"ရှောင်ယာ ဒီကိုလာ...''
"ဟုတ် သခင်''
ထို့နောက် ချောင်ဘုရင်သည် ရှင်းယာအားတိုးတိုးတိတ်တိတ် ဆိုလေသည်...
"ဟိုမှာ အရောင်ထွက်နေတဲ့အသီးကိုမြင်လား အဲ့ဒါမင်းခူးရမဲ့အသီးပဲ''
"အာ...သခင်က ယာယာ့ကို သွားခူးစေချင်တာလား ယာယာမသေချင်သေးဘူး ယာယာကငယ်ငယ်လေးရှိသေးတာ သခင့်နောက်ကိုလိုက်ပြီး သခင့်ရဲ့အမှိုက်ကလေး လုပ်ရအုံးမှာ...''
"ရှောင်ယာ...သခင်ပြောတာနားထောင် သခင်ကမင်းကို အပင်ဆီရောက်အောင်ပို့ပေးမယ် မင်းဘာမှမဖြစ်စေရဘူး မှတ်ထား အသီးကိုခူးပြီးတာနဲ့ တန်းပြီး စားပစ်လိုက်''
"အသီးက သခင့်အတွက်မဟုတ်ဘူးလား''
"အစထဲက မင်းအတွက်ပဲ အချိန်မရှိဘူး သွားစို့''
သူမ၏သခင်သည် သူမ၏ ခါးကို တင်းကျပ်စွာဖက်လိုက်ပြီး နတ်ဘုရားသစ်ပင်ဆီသို့ပျံသန်းသွားတော့သည်။ ရေထဲမှ အမြစ်များသည် ရေကန်အတွင်း သက်ရှိကို အာရုံခံမိသည်နှင့် သူမတို့နှစ်ဦးအား စုပြုံ၍တိုက်ခိုက်လာကြတော့သည်။
ချောင်ဘုရင်သည် လက်တစ်ဖက်က ရှင်းယာအားပွေ့ဖက်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် မိစ္ဆာသစ်မြစ်များအား ပြန်လည်တိုက်ခိုက်နေရသည်။ နတ်ဘုရားသစ်ပင်နှင့်နီးလာလေလေ သစ်မြစ်များ ပိုမိုများပြားလာလေလေဖြစ်သည်။
"အခုပဲ ခူးလိုက်တော့...''
နီးကပ်လာသော နတ်ဘုရားသစ်သီးအား.အမိအရခူးဆွတ်လိုက်လေသည်။
"သခင် ရသွားပြီ ဟေးးးးး''
"မြန်မြန် စားလိုက်တော့''
ချောင်ဘုရင် သတိလွတ်သွားသည့်အခိုက်အတန့်တွင် သစ်မြစ်လက်တံတစ်ခုသည် သူ၏ပခုံးသို့ဖောက်ဝင်သွားတော့သည်။ ရှင်းယာသည်နတ်ဘုရားသစ်သီးကိုစားပြီးသွားပြီဖြစ်သည်။