အပိုင်း ၁၀

3.7K 298 5
                                    

အပိုင်း ၁၀

"ဆိုင်ရှင်ရှိလား ဆေးဝယ်ချင်လို့ပါ''

ဆိုင်ရှေ့မှ အော်ခေါ်သံကြောင့် ရှင်းယာအပြင်ထွက်လာသည်။ ဒီနေ့သူမ၏အားလပ်ရက်ဖြစ်သဖြင့် အပြင်ထွက်လည်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

"ဘာဆေးလိုချင်လို့လဲ''

"ဟို အရိုးအဆစ်နာတာပျောက်တဲ့ဆေး''

ရှင်းယာသည် ဆေးဗူးထားရာသို့သွားကြည့်လိုက်သောအခါ ဆေးဖော်စပ်ပြီးသားကုန်နေသည်ကိုတွေ့ရသည်။

"ဘယ်လိုလုပ်မလဲ ဆေးကုန်နေတယ် နောက်နေ့မှပြန်လာပါလား''

"အော်ဟုတ်လား နောက်နေ့ ကျွန်မအပြင်ထွက်လို့ရမှာမဟုတ်ဘူး ကျေးဇူးပါ''

ထိုမိန်းကလေးကို သေသေချာချာကြည့်လိုက်သောအခါ မနေ့က လိမ်းဆေးလာဝယ်သောမိန်းကလေးဖြစ်နေသည်ကိုတွေ့ရသည်။

"အယ် နေပါအုံး ရှင်က မနေ့လည်း အဲ့ဒီလိမ်းဆေးလာဝယ်သေးတယ်လားလို့...''

"ဟုတ်ပါတယ်''

"ဒါနဲ့ဘာဖြစ်လို့လဲ ဆေးဗူးပျောက်သွားလို့လား''

"ဒါက ပြောရမှာ နည်းနည်းရှည်တယ်ရှင့်''

"ဘာမှမဖြစ်ဘူး ဒီနေ့အချိန်ရတယ် နင်အရင် မုန့်သွားစားရင်းပြောပြပေါ့''

သူမတို့နှစ်ဦးသား ခေါက်ဆွဲစားကြရင်း မိတ်ဖွဲ့ဖြစ်ကြသည်။ ထိုမိန်းကလေး၏အမည်မှာ ရှောင်ကျောင်းဖြစ်ပြီး လီစစ်သူကြီးအိမ်တော်မှ အစေခံဖြစ်ကြောင်းသိလိုက်ရသည်။

"အဲ့ဒီတော့ နင်က နင်ကြိတ်ကြိုက်နေတဲ့သူကိုပေးဖို့ဝယ်တာကို စစ်သူကြီးကလုသွားတယ်ပေါ့''

"တကယ်တော့ လုတာမဟုတ်ပါဘူး အထင်လွဲသွားတာ ဒါပေမဲ့ စစ်သူကြီးက အစေခံတွေအားလုံးအပေါ်ကောင်းပေးတယ်ဆိုတော့ ငါစိတ်မဆိုးပါဘူး''

"အော် ဒီလိုကို စိတ်မပူနဲ့ မနက်ဖြန် ငါကိုယ်တိုင်လာပေးမယ် စိတ်ချ''

"တကယ်လား ကျေးဇူးတင်လိုက်တာ ယာယာရယ်''

ခေါက်ဆွဲစားပြီးနောက် သူမတို့လမ်းခွဲလိုက်ကြသည်။ ရှင်းယာသည် လည်ပတ်ဖို့ထွက်သွားပြီး ရှောင်ကျောင်းမှာ အိမ်တော်သို့ပြန်လာခဲ့သည်။ အိမ်တော်ထဲခြေချမိသည်နှင့်အစေခံအချို့သည် သူမအားအတင်းအကျပ်ဆွဲခေါ်သွားတော့သည်။

I'm Not A Villian(oc) (Completed)Onde histórias criam vida. Descubra agora