အပိုင်း ၄၂
နံရံဘက်လှည့်ကာပြန်တွေးနေသောရှယွင်ဖန်းသည် အသံတိတ်ဆိတ်နေသဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ထိုင်ခုံပေါ်တွင် အိပ်ပျော်နေသောရှင်းယာကိုတွေ့လိုက်ရသည်။
...ဒီလောက်အေးနေတာကို ဝတ်ထားတာပါးပါးလေး...
သူစောင်သွားခြုံပေးရန် ထရပ်လိုက်သည်။ သို့သော်လည်း ရက်အတော်ကြာ လှဲအိပ်နေခဲ့ရသူမို့ ခြေထောက်မခိုင်ဘဲ လဲကျသွားသည်။
အိပ်နေသောရှင်းယာလည်း မျက်လုံးပွင့်လာတော့သည်။ သူမ မြင်လိုက်ရသည်မှာ ကြမ်းပြင်ပေါ်တွင် စောင်နှင့်လုံးထွေးနေသော ရှယွင်ဖန်း....
တစ်ချိန်က အမြဲလိုလိုတည်ကြည်ပြီး ခြင်္သေ့မင်းကဲ့သို့အားအင်ပြည့်နေသောစီအီးအိုကြီးသည် ယခုတော့ ယုန်ပေါက်လေးတစ်ကောင်နှယ် အားနည်းနေရှာသည်။
သူမအမြန်ထူပေးလိုက်ပြီး...
"ဘာဖြစ်သွားသေးလဲ သန့်စင်ခန်းသွားချင်လို့လား''
ရှယွင်ဖန်းလည်း အရှက်ပြေ 'အင်း' လို့သာပြောလိုက်သည်။
ရှယွင်ဖန်းသတိရပြီးနှစ်ရက်မြောက်နေ့တွင် အားလုံးကိုပြန်မှတ်မိလာသည်။ သို့သော်လည်း နောက်ကွယ်မှကြိုးကိုင်သူကိုဖော်ထုတ်ရန် ကောင်းရန်နှင့်တိုင်ပင်၍ အတိတ်မေ့သလိုဆက်နေလိုက်သည်။
ထိုအချိန်တိုအတွင်း ကောင်းရန်က သက်သေများကိုတိတ်တဆိတ်စုဆောင်းနေသည်။
"ပန်းသီး စားချင်တယ်''
"ကျွန်မခွာပေးမယ် ခဏစောင့်''
ရှင်းယာကိုတော့မမှတ်မိချင်ဟန်ဆောင်ပြီး အနားတွင်ခေါ်ထားလိုက်သည်။ ရှင်းယာခမျာ သူလိုသမျှကို ခဏအတွင်းလုပ်ပေးရှာသည်ကိုကြည့်၍ သူမအားချစ်စိတ်တို့ပိုပိုတိုးလာသည်။ သူတို့၏သာယာနေသောအခိုက်အတန့်လေးမှာတော့ ထိုနေ့မနက် အခန်းတံခါးလာဖွင့်သောမိန်းမတစ်ယောက်ကြောင့်ပျက်စီးသွားရတော့သည်...
"ယွင်ဖန်း...''
ဆံပင်လှိုင်းတွန့်နှင့် နှုတ်ခမ်းနီရဲရဲဆိုးထားသောမိန်းမတစ်ယောက်သည် ဒေါက်ဖိနပ်သံကျယ်လောင်စွာဖြင့် အခန်းတံခါးဖွင့်ကာဝင်ရောက်လာတော့သည်။