အပိုင်း ၁၃
ကျဲရှီသည် သခင်မဆီမှအပြန်ခြေလှမ်းများလေးလံနေသည်။ သခင်မက ရှောင်ကျောင်းဟူသောအစေခံမလေးကိုသတ်ရန်အမိန့်ပေးလိုက်သည်။ ရှောင်ကျောင်းနှင့်ရင်းနှီးသည့်ဆက်ဆံရေးမဟုတ်ပေမဲ့ သူနဲ့ဆုံတိုင်း ကြောက်လန့်နေတတ်သော သူမ၏မျက်ဝန်းများကိုစွဲလမ်းမိနေသည်။
ဘာတတ်နိုင်မှာလဲ သတ်ဆိုလဲသတ်ပေါ့ ၊ နည်းနည်းတော့နှမြောမိပေမဲ့လို့ပေါ့...
သူ့အခန်းကိုပြန်ရောက်သောအခါ ရေစည်ထဲတွင်တော်တော်ကြာရေစိမ်နေရင်း ရှောင်ကျောင်းကိုတွေးမိသည်။
အရိုက်ခံထားရတယ်တဲ့...ဆေးလိမ်းပေးမဲ့သူရောရှိပါ့မလား......မကြာခင်ကိုယ့်လက်နဲ့သတ်ရတော့မဲ့သူကို ဆေးလိမ်းပေးဖို့စိတ်ပူနေတာ နည်းနည်းတော့ရူးမိုက်သလိုပဲ...
ထပ်မတွေးတော့ပဲ ရေစည်ထဲမှထလိုက်သည်။ ကျစ်လစ်တုတ်ခိုင်သော လက်မောင်း ရင်ဘတ်နှင့်ဝမ်းဗိုက်ကြွက်သားများ၏ ဆွဲဆောင်မှုသည် သူ၏အညိုရောင်အသားအရည်နှင့်တွဲစပ်လိုက်သောအခါ ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ဖြစ်နေသည်။ ေခြတစ်လှမ်းလှမ်းလိုက်တိုင်း ရေစက်တချို့ကြောင့် ကြမ်းပြင်စိုရွှဲသွားသည်။ ခြောက်သွေ့သောအဝတ်တချို့ကိုဝတ်ဆင်လိုက်ပြီး သူ၏လက်နက်များထားရာစားပွဲပေါ်သို့အကြည့်ရောက်သွားသည်။ မြက်ခင်းပြင်လူမျိုးစုများဖြစ်သော ကျဲရှီ၏မျိုးနွယ်စုသည် ဟန်လူမျိုးများကဲ့သို့ဓားရှည်ကိုင်ဆောင်ခြင်းမရှိပေ။
ကြာပွတ်တစ်ချောင်းကိုခါးတွင်အမြဲဆောင်လေ့ရှိပြီး ဓားတိုတစ်ချောင်းကိုလည်း ဆောင်ထားတတ်ကြသည်။
သူသည်ဓားတိုအားကောက်ယူလိုက်ပြီး သေသေချာချာကြည့်နေမိသည်။ ရှောင်ကျောင်းလို သိုင်းပညာမသိသောမိန်းမငယ်လေးအားသတ်ရန် ဓားတိုတစ်ချောင်းသည် ပြီးပြည့်စုံသောလက်နက်ဖြစ်သည်။
သန်းခေါင်ယံတွင် အိပ်ယာမှထကာ ကြာပွတ်ကိုဘယ်ဘက် ခါးတွင်ချိတ်လိုက်သည်။ ဓားတိုထည့်ထားရာ ဓားအိမ်ကို ညာဘက်ခါးတွင်ချိတ်လိုက်ပြီး သားကောင်ရှိရာသို့ စတင်ထွက်ခွာလိုက်သည်။ အစေခံမိန်းမငယ်လေးများ၏နေရာသည် လူအများနေရသော ဆေးရုံကဲ့သို့အဆောင်ခန်းမျိုးဖြစ်သည်။ အခန်းတစ်ခန်းတွင် အစေခံ ၈ယောက်နေရသော်လည်းကိုယ့်ခုတင်နှင့်ကိုယ်မို့သပ်သပ်ရပ်ရပ်ရှိသည်။
BINABASA MO ANG
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...