အပိုင်း၁၃

10.9K 982 110
                                    

  Unicode

ကျိုးယွင်ကသူ တောက်ခေါက်ချင်တာကိုတောင်ထိန်းထားလိုက်ရသည်။

စာထဲမှာရေးထားသည်က...

[လုကျန်း; မင်း ကိုယ့်ကို သိလား...]

[ ရှောင်ဟန်; ဆောရီး...မသိပါဘူး...လူသစ်ထင်တယ်]

[လုကျန်း; အင်... ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုသိတယ် ]

[ရှောင်ဟန် ; ဟုတ်ကဲ့ ဒီလိုပဲ သိကြပါတယ် ကျွန်တော့ကို...]

[ လုကျန်း ; ခင်ချင်လို့ရလား...]

[ရှောင်ဟန်; ဟုတ်ကဲ့...ရပါတယ်...ကျွန်တော်ကခင်တတ်ပါတယ်...
ခဏနော်... ကျွန်တော့်ညီကျောင်းကပြန်လာလို့]

[လုကျန်း;အင်...ကိုယ်စောင့်နေမယ်...ပြန်တက်ခဲ့နော်]

သုံးနှုန်းသည့် အခေါ်အဝေါ်ကလည်း သူ့ကိုယ်သူ "ကိုယ် "ဆိုပဲ။ ဒါကို ရှောင်ဟန်က ဒီလူ ဘာကိုဆိုလိုချင်တာမှန်း မရိပ်မိဘူးလား။သူကတောင်ရိပ်မိတယ်။
ဒီလိုကောင်မျိုးတွေကို သူဝင်ရှင်းရပေါင်းမနည်းတော့ဘူး။ မိန်းကလေးများ အပါအဝင်။ သူနဲ့ မဆိုင်တာကို သူသိပေမဲ့ သူဝင်ပါရအူးမည်။ အဖေကထိုလူကို စရောက်ကတည်းက သူ့အတွက် ဆိုပြီးပြောထားသည် မဟုတ်လား။ အဲ့တော့ ရှောင်ဟန် ရဲ့ ကိစ္စက သူနဲ့ဆိုင်သည့်ကိစ္စ။သူဝင်မပါ၍မရပေ။

ကျိုးယွင်က ထိုပြန်စာတွေကို ကြည့်ရင် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ကာ ရှောင်ဟန်ရဲ့နေရာမှာ စာဝင်ရိုက်လိုက်သည်။

သူက အစထဲက အဖေ မသိအောင် ကိုယ့်မုန့်ဖိုးနဲ့
ဖုန်းဝယ်​ပြီး သုံးနေတာပင်ကြာပြီ မဟုတ်လား ။ထို့ကြောင့် သူသုံးတတ်မှန်း ရှောင်ဟန်က ရိပ်မိမည် မဟုတ်။ကျိုးယွင်က စာကိုခပ်မြန်မြန်နှိပ်လိုက်ပြီး ရေးလိုက်သည်။

[ရှောင်ဟန်; ကျွန်တော်ပြန် တက်ခဲ့ပြီ]

[ကျန်းလု; နည်းနည်းကြာတယ်နော်... ကိစ္စတော့မရှိပါဘူး... ကိုယ်က စောင့်ရတာကိုကြိုက်တယ်...]

[ရှောင်ဟန်;ကျွန်တော့်ကို မသိဘဲ...ဘာလို့စာတွေ ပို့နေရတာလဲ...လူချင်းအပြင်မှာတွေ့ဖူးလို့လား]

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now