Unicode
နံနက်ခင်း၏ အချိန်သည်ကား ၁၀ နာရီပင် ထိုးချေတော့မည်။
ဟိုတယ်အခန်းတစ်ခု၏ကုတင်မွေ့ရာပေါ်တွင် အိပ်စက်နေသည့် ရှောင်ဟန်၏ မျက်ဝန်းများသည်လည်း ပင်ပန်းနွမ်းနယ်မှု အပြည့်ဖြင့် ဖြည်းငြင်းစွာ ပွင့်ဟလာခဲ့သည်။
ရှောင်ဟန်သည် ကိုက်ခဲနေသည့် သူ၏ ခေါင်းကို လက်နဲ့ ထိန်းကိုင်လိုက်ပြီး လှဲလျောင်းနေရာမှ ဖြည်းဖြည်းခြင်း ထထိုင်လိုက်သည်။ကိုက်ခဲနေသည့် ခေါင်းကိုက်မှုကို ခဏ လှစ်လျူ ရှု့ထားလိုက်ပြီး မိမိဘေးကို တစ်ချက်ကြည့်လိုက်တော့ ကျိုးယွင်က ရှိမနေပါချေ။
ကျိုးယွင်က ခါတိုင်းလိုပဲ သူ့ထက် အရင်နိုးနေပုံရသည်။
ရှောင်ဟန် မျက်လုံးများက စားပွဲပေါ်တွင် တင်ထားသည့် နာရီဆီကို တစ်ချက်အကြည့်ရောက်သွားလေရပြီး ချက်ချင်းပဲ ပြူးကျယ်ဝိုင်းစက် လာတော့သည်။သူက မယုံကြည်နိုင်သည့် ပုံစံဖြင့် မျက်လုံးနှစ်ဖက်ကို လက်နဲ့ ပွတ်ပြီး သေချာပြန်ကြည့်လိုက်သော်လည်း အချိန်သည်ကား ပြောင်းလဲ၍မသွားပါချေ။
၁၀ နာရီက ၁၀ နာရီသာ...ရှောင်ဟန် ဘေဘီဝဲယာကို မျက်လုံးဝေ့ကြည့်လိုက်တော့ အခန်း ဆိုဖာပေါ်တွင် ဂိမ်းလေးထုရင်း ကိုယ်ပိုင်ကမ္ဘာသစ်လေး ဖန်တီးနေတဲ့ ကျိုးယွင်ကို တွေ့မြင်လိုက်ရသည်။ ရှောင်ဟန်က ကျိုးယွင်ကိုကြည့်ပြီး မနေနိုင်စွာပင် ပြုံးလိုက်မိတော့သည်။
ကြည့်ပါဉီး သူကဘဲ အိပ်ရာ ထထခြင်းမို့ အမြင်မှားနေတာများလား...
...ဒီကောင်လေးက ထူးထူးခြားခြားဒီနေ့တော့ ခါတိုင်းနေ့တွေထက်တောင် တက်ကြွလို့နေလေသည်။မျက်နှာကလည်း တစ်ခုခုကို ကျေနပ်နေသည့် အရိပ်အရောင်များ ကွန့်မြူးလျက်...
မသိပါက အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးရသွားလို့ ပျော်တာထက်တောင် သာနေပေအူးမည်။
အဲ့ဒီကိစ္စက အခုလက်ရှိ အကြောင်းအရာလောက်သိပ်ပြီး အထွေထွေ အထူးထူးမရှိပေ။
အဲ့ကလေး ကသူ့ကို ဘာလို့ လုံးဝ လာမနှိုးရတာလည်း...ဒီကိစ္စက ပိုအရေးကြီးသည်။
သူ ဘယ်အချိန်တုန်းကများ ၁၀နါရီ ထိုးသည် အထိအိပ်ဖူးလို့လည်း...
![](https://img.wattpad.com/cover/273898245-288-k286592.jpg)
YOU ARE READING
Love of an idoit အရူးတစ်ယောက်ရဲ့အချစ် [Ongoing]
RomanceTitle - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ် ဟန်ဆောင်ကောင်းပြီး မာယာများတဲ့Psycho Semeလေးနဲ့ အယုံလွယ်ပြီး ရိုးအတဲ့Ukeကောကောတို့ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ❤ Genre:Chinese bl ty...