အပိုင်း ၃၉

9.9K 688 96
                                    

Unicode

 ကျိုးဟန်က သူ့ရှေ့မှောက်မှာ ထိုင်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး သဘောကျစွာ တစ်ချက်ပြုံးလိုက်မိသည်။
တစ်ခုခုကို စိတ်မရှည်ဖြစ်နေပုံရတဲ့ သားဖြစ်သူပုံစံက အရင်ကထက် ဆိုးသွမ်းလာကြောင်းကို သူ့ကို သက်သေပြနေလေသည်။
အရင်က လိုချင်တာကို  တဇွက်ထိုး တောင်းခံတတ်သည့်သားဖြစ်သူသည် ယခုတွင်မူ ပိုလို့ပင် တဇွက်ထိုးဆန်တတ်သည့် လူရွယ်တစ်ယောက်ဖြစ်လာခဲ့ချေပြီ။
သားဖြစ်သူက သူစိတ်မကောင်းဖြစ်မှာဆိုးလို့ ဟိုမှာလုပ်ခဲ့တဲ့ လုပ်ရပ် အလုံးစုံးကို မပြောပြလာခဲ့ပေမဲ့
အစ်ကိုဖြစ်သူ(ကျိုးထျန်း)ပြောပြလို့ သူအားလုံးကို သိထားပြီးသားပင်။
သားဖြစ်သူက ဖခင်ရဲ့ခြေရာကို လိုက်မနင်းဘဲ ဉီးလေးဖြစ်သူရဲ့ ခြေရာကိုတစ်ထပ်ထဲချနင်းသွားခဲ့တယ်ဆိုတာကို...

သူကိုယ်၌ကလည်း အရင်ကတည်းက သားဖြစ်သူကို
ကိုယ်ရွေးချယ်လိုတဲ့လမ်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားခဲ့တာဖြစ်တာကြောင့် ဖြစ်ပျက်လာခဲ့တဲ့ အဆိုးအကောင်းအရာအားလုံးကို လက်သင့်ခံနိုင်သည်။
နောက်ပြီး သားယွင်ရဲ့ အနာဂါတ်ကို အမွှာအစ်ကိုဆီမှာ မိမိကိုယ်တိုင်ပဲ လိုလိုလားလားပေးအပ်ခဲ့တာမဟုတ်လား။ အစ်ကိုဖြစ်သူက သူပိုင်ဆိုင်တဲ့တရားမဝင်လုပ်ငန်းတွေကို သားယွင်ဆီကို ပေးအပ်လာခဲ့မယ်ဆိုတာကိုသိနေခဲ့တာတောင်မှလေ။
သားယွင်ရဲ့ အနာဂါတ် လုံးဝပြောင်လဲသွားခဲ့ရတာက မိမိ၏ စနစ်ကြောင့်ပဲ မဟုတ်လား။

ကျိုးယွင်က သူ့ကိုအကဲခတ်ကြည့်နေပြီး စကားလုံးဝမပြောလာခဲ့တဲ့ ဖခင်ဖြစ်သူကြောင့် သူ့ဘက်ကဘဲ အနေနိုင်စွာ စပြောရတော့သည်။

"အဖေ...ကျွန်တော့်ကို ခေါ်တယ်ဆို..."

"အင်...ဟုတ်တယ်...ဘာလဲ သားယွင် အခု မအားလို့လား..."

ကျိုးဟန်က ပြောရင်းဆိုရင်းနဲ့ပင် သားဖြစ်သူ ဘယ်လို စကားမျိုးဆက်ဆိုလာမလည်းဆိုတာကို
ဆက်လက်အကဲခတ်လို့နေသည်။

"ကျွန်တော် မအားဘူးဆိုတာ အဖေ သိပြီးသားပဲ မဟုတ်လား...အခု ကျွန်တော့်ကိုခေါ်တာ
ဘာပြောချင်လို့လဲ..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Donde viven las historias. Descúbrelo ahora