အပိုင်း၁၆

10.6K 857 38
                                    

  Unicode

မီးရောင်စုံများဖြင့်  ခမ်းနားလှပစွာ ခင်းကျင်းပြင်ဆင်ထားသည့် ခြံဝန်းကျယ်ကြီးထဲကို သူတို့နှစ်ဉီး
လျောက်လှမ်းလာသည်နှင့် ရောက်ရှိနေကြပြီဖြစ်တဲ့လူများ အားလုံးက ထိုင်နေသည့် နေရာမှနေ၍
ခေါင်းများကို သမင်လည်ပြန်ကာ သူတို့နှစ်ယောက်ရှိရာဘက်သို့ လှည့်ကြည့်လာကြသည်။ ကျိုးယွင်အတွက်က ဘာမှမထူးဆန်းသည့် ပတ်ဝန်းကျင်ဖြစ်နေသော်လည်း ရှောင်ဟန် အတွက်ကတော့ မတူပါချေ။ရှောင်ဟန် အတွက်ကတော့ ဒီလို လူအများကြီးရဲ့ အာရုံစိုက်မှုမျိုးကို တစ်ခါမှ မကြုံဖူးသေးတာကြောင့် နေရခက်ပြီး အသက်ရှုပင်ကြပ်လာမိသည်။
သူ့အတွက်က ဒီလိုမျိုးအကြည့်တွေနဲ့ လုံးဝကို အဆင်မပြေဘူး ဖြစ်နေသည်။ ဒါကို ကျိုးယွင်က ရိပ်မိ၍ ထင်သည် သူ့ရဲ့ လက်ကို ကိုင်ကာ အားပေးလာပြီး အသံတိုးတိုးဖြင့်ဆိုလာလေသည်။

"ရှောင်ဟန်ကော...မကြောက်နဲ့... ဘာမှမဖြစ်ဘူး​အစမို့လို့ပါ...နောက်ဆိုရင် ကောအတွက် အသားကျသွားလိမ့်မယ်...လာ...အဖေတို့ထိုင်နေတဲ့ စားပွဲဝိုင်းကို အရင်သွားကြမယ်..."

ရှောင်ဟန် လည်း ကျိုးယွင်က ထိုသို့ပြောလာတော့မှ စိတ်ကို လျော့လိုက်ပြီး ပြန်ဖြေလိုက်မိ၏။

"အင်..."

ရှောင်ဟန်တို့က မွေးစားအဖေတို့ ထိုင်နေသည့် စားပွဲ
ဝိုင်းဆီသို့ လျောက်လာလိုက်ကြသည်။

သူတို့ရောက်တော့ မွေးစားအဖေက သူ့တို့နှစ်ဉီးအား ပြုံးပြလာပြီး

"သားတို့ကို... အဖေက နည်းနည်းကြာအုံးမယ်ထင်နေတာ...နောက်မကျဘူးပဲ...လာထိုင်...အဖေ့ရဲ့ မိတ်ဆွေတွေနဲ့ သားတို့ကို မိတ်ဆက်ပေးမယ်"

ကျိုးသခင်မကြီးကတော့ သူမရဲ့ ခင်ပွန်းသည်ကိုသာ  နားမလည်စွာ ကြည့်နေမိတော့သည်။ ဘေးမှာ သားကြီး ကျိုးရန်ရှိနေတာကို အရင် မိတ်ဆက်မပေးပဲ ဒီအတိုင်းထိုင်နေပြီး ...အချိန်မလေးစားဘဲအခုမှရောက်လာတဲ့ ဘာမှမဟုတ်တဲ့ လူနှစ်ယောက်ကိုကျအရင်ဉီးစားပေးနေလေသည်...။
ကျိုးယွဲ့မှုက ထိုအတွက်ကြောင့် သူမရဲ့ ဒေါသတွေကို အတင်းချိုးနှိမ်ထားလိုက်ရသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Où les histoires vivent. Découvrez maintenant