Unicode
ရှန်ဟိုင်းမြို့အပြင်တစ်နေရာရှိ ဘန်ဂလို အဆောက်အဉီးသစ်တစ်ခု၏ အတွင်းပိုင်းတွင် လုရှောင်းယွီသည်ကား သူ၏ လူယုံများမှ ခေါ်လာခဲ့သည့် လူအား သေချာအကဲခတ်ကြည့်နေလေသည်။
ပြီးနောက်တွင် စုံစမ်းထားသည့် ထိုလူ၏သတင်းအချက်အလက် ဖိုင်တွဲ ကို တစ်ချက်ပြန်ကြည့်လိုက်ပြီးကျေနပ်စွာဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။
စစ်ဆေးကြည့်ရှု့ပြီးလို့ ခဏအကြာတွင် လုရှောင်းယွီသည် သူ၏ လူယုံများကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူဘက်ကိုမေးဆတ်ပြကာ ဆိုလိုက်ပြန်သည်။"မင်းတို့ခေါ်လာခဲ့တဲ့ အဲ့ဒီ့ကောင်ကို ...လျှို့ဝှက်ဂိုဒေါင်ထဲမှာ ပြန်ချုပ်ထားလိုက် "
"ဟုတ်ကဲ့"
လုရှောင်းလည်း ခေါ်ယူလာခဲ့သည့်ကောင်က ကျိုးယွင်အလိုရှိတဲ့လူဆိုတာ သေချာသွားမှသာ ဖိုင်တွဲကို ပြန်သိမ်းထားလိုက်ပြီး ကျိုးယွင်အလာကိုသာ စောင့်နေလိုက်တော့သည်။
အချိန် သိပ်မကြာခင်မှာပဲ ဂန်ဂလို အရှေ့ဘက်တွင် ကားတစ်စီး မောင်းဝင်လာသည့် အသံကိုကြားလိုက်ရသည်။
လုရှောင်းယွီလည်း ကျိုးယွင် ရောက်လာပြီဖြစ်သည့်အတွက် စိတ်ဝင်စားစရာလေးများတွေ့ရတော့မည့်အဖြစ်ကို မစောင့်နိုင်တော့ဘဲ အပြင်ကို ထွက်လာခဲ့လိုက်သည်။သူအပြင်ကို ထွက်လာတော့ ကားထဲမှ ဆင်းလာခဲ့သည့် ကျိုးယွင်ကိုတွေ့လိုက်ရသည်။
ကျိုးယွင် သည်ကား အလားလာကောင်းသည့် မျိူုးရိုးမြင့်အိမ်တော်ကြီးမှ မွေးဖွားလာသည့်မျိုးဆက်ဖြစ်သည့်အလျောက် ပုံစံသည်ကား ပြင်းပြသည့် အရှိန်အဝါများနဲ့ အေးစက်သည့် အခိုးအငွေ့များကိုပင် အတိုင်းသား ထုတ်လွင့်ထားလေသည်။
ကျိုယွင်၏ ယခုလက်ရှိ မျက်နှာထားသည်ကား ရှောင်ဟန်သိမြင်ထားသည့် ပုံပန်းသွင်ပြင်နှင့် လုံးဝကို တူညီမနေခဲ့ပါချေ။ စူးရှပြီး နက်မှောင်နေသည့်မျက်ဝန်းများသည်ကား သတ်ဖြတ်ချင်စိတ်များ အပြည့်ဖုံးလွှမ်းနေပြီး ဆိုးသွမ်းခက်ထန်မှုများကိုလည်း
အတိုင်းသားမြင်တွေ့နေရသည်။
![](https://img.wattpad.com/cover/273898245-288-k286592.jpg)
KAMU SEDANG MEMBACA
Love of an idoit အရူးတစ်ယောက်ရဲ့အချစ် [Ongoing]
RomansaTitle - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ် ဟန်ဆောင်ကောင်းပြီး မာယာများတဲ့Psycho Semeလေးနဲ့ အယုံလွယ်ပြီး ရိုးအတဲ့Ukeကောကောတို့ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ❤ Genre:Chinese bl ty...