Unicode
မှတ်ဉာဏ်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် အတိတ်
ဘဝမှ ဖြစ်ရပ်များရှောင်ဟန်သည် ကျိုးယွင်၏ကြမ်းတမ်းလွန်းလှတဲ့ ချစ်တင်းနှောခြင်းကို ခံလိုက်ရတာကြောင့် သူ၏ အသိစိတ်တို့သည်ကား လောကကြီးနဲ့ အဆက်အသွယ် ခေတ္တပြတ်တောက်သွားခဲ့ရသည်။
ယခုတွင်သူ၏ အသိစိတ်အာရုံတို့သည်ကား တချက်ချက်တွင် ပြတ်တောင်းပြတ်တောင်းဖြင့်
ဖြစ်နေလေပြီး စိတ်အစဉ်တို့သည်ကား လေဟာနယ်ထဲကို ရောက်ရှိနေသလို ပေါ့ပါးလွတ်လပ်လျက်ရှိသည်။
ယခုတွင် ရှောင်ဟန်၏ အသိစိတ်သည် အပြောကျယ်လှသည့် ပင်လယ်ပြင်တွင် ရွက်လွင့်နေပါသည့် သဘော် ရွက်လှေ တစ်စင်းနှင့် အလားအလာတူညီနေပေသည်။သူ၏ စိတ်အစဉ်တို့သည်ကား ပင်လယ်ပြင်တွင် ရွက်လွှင့်နေသည့် ရွက်လှေတစ်စင်းကဲ့သို့လွတ်လပ်စွာဖြင့်ပင် အလိုရှိရာကို ဝေ့ဝဲသွားလာလို့နေလေသည်။
ရှောင်ဟန်မေ့မျောပြီးသိပ်မကြာခင်မှာပဲ...
ရှောင်ဟန်၏ အသိစိတ်မှတ်ဉာဏ်အစဉ်ထဲသို့
အတိတ်ဘဝမှ ဖြစ်ရပ်ပုံရိပ်တစွန်းတစတို့က ဖြည်းဖြည်းချင်း အရိပ်ထင်ဟပ်လာလေတော့သည်။ထင်ဟပ်လာခဲ့သည့် အတိတ်ပုံရိပ်တို့သည်ကား မထင်မရှားဖြစ်နေတာမျိုးလုံးဝမရှိလေဘဲ တိတိကျကျပြတ်သားလျက်။
ထိုအတွေးပုံရိပ်အလုံးစုံတို့သည် ရှောင်ဟန်၏ စိတ်အစဉ်ထဲတွင် အိမ်မက်တစ်ခုကို မြင်မက်နေသကဲ့သို့ ထပ်တူကျစွာ ထင်ဟပ်လာခဲ့တာဖြစ်သည်။
ယခု ဝင်ရောက်လာခဲ့သည့် ပုံရိပ်များသည်က အရင်အခါက ရှောင်ဟန် မျောပြီး အသိစိတ်တစွန်းတစရှိနေသေးချိန်တွင် ဝင်ရောက်ထင်ဟပ်လာသလိုမျိုး မဟုတ်တာကြောင့် လက်ရှိကာလနဲ့တော့
ရောထွေးသွားမည်မဟုတ်ပေ။ရှောင်ဟန်သည်ကလည်း ကနဉီးတုန်းကပုံရိပ်ထင်ဟပ်တုန်းကလို စောဒကတက်ပြီး အသိစိတ်ထဲတွင် စဉ်းစားတွေးခေါ်ကာ ဗျာများနိုင်လိမ့်မည်မဟုတ်။
ယခုပုံရိပ်တို့သည်က အိမ်မက်တစ်ခုလိုသာ စိတ်အစဉ်ကို ဖြတ်သန်းဝင်ရောက်လာခဲ့တာဖြစ်ပြီး ရှောင်ဟန်နိုးထလာသည့်အချိန်တွင်လည်း အိမ်မက်တစ်ခု အဖြစ်သာ စိတ်အစဉ်တွင် ကျန်ရှိထင်မှတ်နေပေလိမ့်မည်။
![](https://img.wattpad.com/cover/273898245-288-k286592.jpg)
VOUS LISEZ
Love of an idoit အရူးတစ်ယောက်ရဲ့အချစ် [Ongoing]
Roman d'amourTitle - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ် ဟန်ဆောင်ကောင်းပြီး မာယာများတဲ့Psycho Semeလေးနဲ့ အယုံလွယ်ပြီး ရိုးအတဲ့Ukeကောကောတို့ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ❤ Genre:Chinese bl ty...