အပိုင်း၁၇

10.7K 868 66
                                    

    Unicode

  ကျိုးယွင်အနောက်ကို လှည့်ကြည့်လိုက်တော့ သူထင်သည့် အတိုင်းပင်...

အမှန်တကယ်ကိုပင် လုရှောင်းယွီ ဖြစ်နေသည်။

ကျိုးယွင်က အံ့သြသွားသည့် ပုံစံဖြင့် လုရှောင်း ကိုကြည့်လိုက်ပြီး မထူးခြားသည့်အမူအရာဖြင့် ခပ်တည်တည်သာပြန်ပြောလိုက်သည်။

" လုရှောင်းယွီ...မင်းပြောတော့ မလာဘူးဆို...အခုဘာလို့လာတာလဲ..."

လုရှောင်းက မျက်ဖြူကိုလှန်လိုက်ပြီး မကျေနပ်သည့် ပုံစံ ဖြင့်ပြောလာ၏။

"ခေါ်ပြန်ပြီ...နာမည် အပြည့်အစုံ... မင်းငါ့ကို လုရှောင်းလို့ခေါ်လိုက်ရင် မင်းသေသွားမှာဆိုးလို့လား"

"လျှာမရှည်နဲ့ ပြောအခုက ဘာလို့ ရောက်လာတာလဲ..."

လုရှောင်းက ဘေးဘက် နေရာအနှံ့ကို မျက်စိ တစ်ချက်ဝေ့ ကြည့်လိုက်ပြီး သူ့ကို မျက်ခုံးတစ်ဖက်ပင့် ပြလာပြီး

"ဘယ်မလဲ...မင်းပြောတဲ့ မင်းရဲ့ ကော...ငါတွေ့ချင်တယ်..."

ကျိုးယွင်က လုရှောင်းကိုကြည့်ကာ မျက်မှောင်တစ်ချက်ကြုံ့လိုက်မိပြီး

"မင်းဘာလုပ်မလို့လဲ...ပြီးတော့ ဘာလို့ တွေ့ချင်နေရတာလဲ...မင်းကို ငါက ကောရဲ့ အကြောင်းကို ပြောပြဖူးလို့လား... "

လုရှောင်းက သဘောကျစွာ တစ်ချက်ရယ်လိုက်ပြီးနောက်

"ဟား..ဟား...ဟား...ဟေ့....ဟေ့...ငါ့ကို မင်းအဲ့လိုကြီးလာမကြည့်နဲ့...ငါလည်းဘာအပြစ်မှ မလုပ်မိဘဲနဲ့...ငါတို့ခင်လာတဲ့ သုံးလအတွင်းမှာ...မင်းကသာ..မင်းရဲ့ ကောအကြောင်းကို အခိုက်အတန့်လေး တစ်ခုအတွင်းလွှတ်ခနဲ ပြောမိသွားတာကိုမင်းကမရိပ်မိလိုက်တာ...ငါကကျတော့ ငါပဲလေ...အရိပ်အခြေကို နားလည်တယ်...မင်းအဲ့တုန်းက ပြောလိုက်မိတုန်းက... ငါ မင်းရဲ့ မျက်နှာကို ဓာတ်ပုံ ရိုက်ထားလိုက်ချင်တယ်...နောက်တစ်ချိန် မင်းကို ပြန်ပြလို့ရအောင်...ပြီးတော့ မင်းပုံ မင်းမှန်း ​​ပြန်မှတ်မိပါ့ မလားဆိုပြီး.."

ကျိုးယွင်က သူ့ရဲ့ ထိုအချိန်က အမူ့မဲ့ အမှတ်ဖြစ်သွားတာကို ပြန်မမှတ်မိပေမဲ့ မကျေနပ်စွာနဲ့ မျက်ခုံးတွေက တွန့်ချိုးသွားတယ်။ဘာမှတော့ ပြန်မပြောသေးပေ။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now