Unicode
သူ သိရှိလိုက်ရပြီဖြစ်သည့် ဖုံးကွယ်ထားသည့် အမှန်တရား
အချိန်အတော်တန်ကြာသွားပြီးသည့် အခါတွင်တော့
ကျိုးယွင်၏ ဒေါသစိတ်တို့သည်ကား မဆိုစလောက်ပြေလျော့သွားခဲ့ပြီဟုဆိုရမည်ဖြစ်သည်။ကျိုးယွင်က ယခုအချိန်ထိ ဆေးပုလင်းချိတ်ထားရလေသည့် ရှောင်ဟန်ရဲ့ နွမ်းဖတ်ဖြူဖျော့နေတဲ့ မျက်နှာလေးဆီကို မျက်တောင်တစ်ချက်မျှမခတ်ဘဲ အချိန်အတော်အတန်ကြာ စိုက်ကြည့်နေခဲ့လေသည်။
သူလည်းရှောင်ဟန်ကို ဒီလောက်ထိ ဖြစ်သွားဖို့ လုံးဝမရည်ရွယ်ခဲ့ပေ။ အဲ့ဒီအချိန်က ဘယ်လိုဖြစ်လို့
ဒီလောက်ကြီးအထိ ရစရာမရှိတော့အောင် အတင်းကြပ်ချစ်တင်းနှောချင်ခဲ့လည်း မသိပေ။
အဲ့အချိန်တုန်းက ရှောင်ဟန်ကို အတင်းအကြပ်ရယူလိုတဲ့ သူ့ရဲ့စိတ်က အတော်အားပြင်းပြလွန်းခဲ့ရသည်။ရှောင်ဟန်ကို ပိုင်းစိုးချင်တဲ့စိတ်နဲ့ရော ရှောင်ဟန်သူ့အပေါ် မလိုလားမှု့တွေကို အားမလိုအားမရဖြစ်နေတဲ့ စိတ်နဲ့ပါ သူစိတ်ထင်သလို သောင်းကြမ်းခဲ့မိသည်။
ရှောင်ဟန် နှုတ်ကနေ ထွက်လာခဲ့တဲ့ သူမကြားချင်ဆုံးသော စကားလုံးတွေကြောင့် စိတ်လွတ်သွားခဲ့ရပြီး ထင်တိုင်းကြဲ ပြုမူဆက်ဆံခဲ့မိသည်။
ရှောင်ဟန် နှုတ်ကနေ ဟွားယွမ်ဆိုသည့် သူ မဟုတ်သည့် တစ်စုံတစ်ယောက်၏ အမည် နာမ်စား ကြောင့် သူ့စိတ်တွေ အထိန်းအကွပ်မဲ့ခဲ့ရပြီး လုံးဝကိုလွတ်ထွက်သွားခဲ့ရသည်။ကျိုးယွင်၏ မျက်ဝန်းများသည်က သူ မဆုပ်ကိုင်ထားသည့် ရှောင်ဟန်လက်တစ်ဖက်၌တွင် ထိုးသွင်းတပ်ဆင်ထားလေသည့် လိပ်ပြာအပ်ကနေ စတင်ကာ ကြိုးတန်းတစ်လျောက်ကို တောက်လျောက်ကြည့်ရှု့လာခဲ့သည်။
လိပ်ပြာအပ်ကြိုးတန်းဆုံးရာ နေရာရှိ ဆေးရည်ထည့်ပြီးချိတ်ထားသည့် ပုလင်းဆီသို့ အကြည့်အရောက်
တွင် သူ့ အကြည့်ကို ထိုနေရာတွင်မြဲမြံကာ ရပ်တန့်လိုက်လေသည်။ဆေးပုလင်းထဲရှိ ဆေးရည်များက တစ်စက်စက်ကျနေလျက်ရှိပြီး သိပ်မကြာခင်မှာပင် ကုန်ဆုံးကာ ရပ်တန့်သွားပေတော့မည်။ ရှောင်ဟန်က အခုထိကို သတိမလည်လာသေးပေ။ အခုဆို ရှောင်ဟန်မေ့မျောနေတာ တစ်ရက်နဲ့ နေ့တစ်ပိုင်းပင်ရှိတော့ပေမည်။ ဆေးအရှိန်ကြောင့် မနိုးနိုင်သေးတာလည်းပါသည်။
![](https://img.wattpad.com/cover/273898245-288-k286592.jpg)
YOU ARE READING
Love of an idoit အရူးတစ်ယောက်ရဲ့အချစ် [Ongoing]
RomanceTitle - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ် ဟန်ဆောင်ကောင်းပြီး မာယာများတဲ့Psycho Semeလေးနဲ့ အယုံလွယ်ပြီး ရိုးအတဲ့Ukeကောကောတို့ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ❤ Genre:Chinese bl ty...