ep 2

1.8K 92 4
                                    

မတွယ်ငြိသင့်သောသံယောဇဥ်
Episode 2

ကျွန်တော်တိုက်ခန်းကိုပြန်ရောက်ရောက်ခြင်းဆိုဖာပေါ်လှဲချပစ်လိုက်မိ၏ ။ အချိန်ပိုင်းအလုပ်များကတစ်ခုပြီးတစ်ခုဆက်တိုက်မို့ လက်နားချိန်ဟူ၍မရခဲ့ပါ..။

မျက်နှာကျက်ကိုခဏငေးပြီးမှ အိမ်ကမေမေနှင့်ညီမလေးကိုဖျက်ခနဲ့သတိရကာ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ mom
ဟူသော contact လေးကိုနှိပ်လိုက်ပါတော့ငည် ။

တူ...တူ ဟူသောဖုန်းဝင်သံအဆုံး

"ဟယ်လိုသားကြီးး''

တုန်ရီနေသောမေမေ့အသံလေး...။

အသက် ၄၀ ကျော်ကျော်သာရှိသေးပေမဲ့
ရောဂါချုချာသောမေမေက တကယ့်အဖွားကြီးပေါက်စအတိုင်းပင်....။

ဖေဖေနှင့်အဆက်သွယ်ပျက်ပြီးနောက်ပိုင်း
မေမေအခြေအနေပိုဆိုးလာခဲ့ခြင်းပင်....။
ဖေဖေကလည်းနေနိုင်လွန်းခဲ့သည် ကျွန်တော် တို့ထံဖုန်းလေးပင့တစ်ချက်မဆက်ခဲ့ပါ...။ နောက်ပိုင်းမှသတင်းစာထဲကဖေဖေ့အသုဘ ဖိတ်စာတွေ့မှ ဖဖေမေရျှိတော့မှနျးသိခဲ့ရခွငျးဖွဈသညျ ။

ဖေဖေသိပ်ချစ်တတ်ခဲ့သည် ကျွန်တော် တို့မဟုတ်သော မေမေကြီးနှင့် ကိုကို ကိုပေါ့
ကျွန်တော်မှတ်မိသလောက်ဆို ကျွန်တော်မေမေကြီး...မေမေကြီးဆိုတာကဖေဖေအရင်မိန်းမကိုခေါ်တာပါ...ကျွန်တော်ကအန်တီ
လို့ပဲခေါ်ချင်ပေမဲ့ ဖေဖေရောမေမေကပါမေမေကြီးဟုခေါ်ရမည်ဆို၍ခေါ်ခဲ့ ခြင်းး ။

"သားးအလုပ်အကိုင်တွေကအဆင်ပြေရဲ့လား...''

မေမေအသံကြားမှ အတိတ်ဆီခတ္တမျှလွင့်ပျ့နေသောအာရုဏ်များကပစ္စုပ္ပန်ဆီပြန်ရောက်လာရ၏ ။

"ဟုတ်ကဲ့မေမေ''

ပင်ပန်းနေပေမဲ့အတတ်နိုင်ဆုံး အသံကြည်လင်အောင်ပြန်ဖြေလိုက်မိ၏ ။

"မေမေ့သားလေးပင်ပန်းနေမှာပဲကွယ်''

မေမေ့လောက်တော့ကျွန်တော်မပင်ပန်းခဲ့ပါဘူးမေမေ....။ အသကှ၁၈ကှောကှှောှ ရောဂါသည်ခန္ဓာကိုယ်လေးဖြငိ့ ကျွန်တော် ကိုရဲရင့်စွာမွေးဖွားပေးခဲ့သလို ဖေဖေ ကျွန်တော် တို့ကိုစွန့်ပစ်သွားတော့လည်းဖေဖေ့ကိုအပစ်မတင်ပဲ မေမေကပဲကျွန်တော်ဘွဲ့ရသည်အထိ ရောဂါတစ်ဖက်နှင့် ရှာဖွေကြွေးမွေးခဲ့လေသည် ။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now