ep 11

1.1K 61 16
                                    

မတွယ်ငြိသင့်သောသံယောဇဥ်

ဒီနေ့တော့ရုံးပိတ်ရက်မို့ ကျွန်တော်ကွန်ဒိုမှာသာနပ်နေခိုက်သည် ။ အပြင်ထွက်ချင်စိတ်
လဲမရှိပါ ။ ထို့ကြောင့် ထုံးစမ်အတိုင်း lap topကိုရှေ့မှာချကာ ကျွန်တော် ရဲ့ပုံမှန်မနက်စာဖစ်တဲ့ ပေါင်မုန့်နဲ့ပဲနို့သောက်ရင်းရေးလက်စ စာမူကိုအပီးသတ်ရန်ကြိုးပမ်းနေလိုက်၏ ။

ဘာရယ်မဟုတ်ပဲ စားပွဲပေါ်ကဖုန်းကိုလည်း
လှမ်းကြည့်မိသည်မှာ တစ်မိနစ်ကို ဘယ်နှစ်ကြိမ်မှန်းမသိ ။ ကျွန်တော်  စ မခေါ်ရင် တကယ်မခေါ်မည့် လူသား ဆီကဖုန်းကိုမျှော်နေမိခြင်း ။

ခဏကြာတော့ အခန်းရှေ့ က bell သံကြောင့်
လူကြိးများလားဟု တွေးကာကျေနပ်သွားရ၏ ။ လက်ထဲကပဲနို့ဗူးကိုစားပွဲပေါ်ချကာ
တံကားဆီပြေးရ၏ ။ မြင်လိုက်ရသည့်မျက်နှာကြောင့် ကြည်နူးရိပ်လေးများပင်ပျောက်သွားရ၏ ။ လူကြီးနှင့် ဟိုတစ်ခါကတွေ့တဲ့ အမျိုးသမီးနှင့် အသက်၆၀ကေျာ် အမျိုးသမီးတစ်ဦး ။

"မင်းကရှင်လွန်းငယ်နော်... ''

ထိုအမျိုးသမီးဆီကစကားသံကြောင့်အတွေးများကိုရပ်ကာ မအီမသာဖြစ်နေသောမျက်နှာကိုပြင်လိုက်ရင်း

"ဟုတ်ပါတယ်ဗျ''

"အန်တီက မင်းလျှံထက်ရဲ့ အဒေါ်
ဒေါ်သူဇာလွင်ပါ...''

"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်ဗျ
အထဲ ကြွပါအုံး..''

ကျွန်တော်ကတလေးတစားခေါ်လိုက်ပေမဲ့
ထိုအမျိုးသမီးကြီးကမျက်နှာတစ်ချက်ရူံ
သွားရင်း ကျွန်တော်ကိုမထိတထိလေးဝင်တိုက်ကာ အထဲဝင်သွားလေ၏ ။ နောက်က
အမျိုးသမီးကလည်း ထို နည်းတူ တိုက်ခန်းထဲ ဝင်သွားလေသည် ။

ဘာရယ်မဟုတ်ပဲ ကျွန်တော် လေပူတစ်ချက်မူတ်ထုတ်လိုက်မိ၏ ။ တကယ့်မလွယ်ကြောများပင်.....။

ကျွန်တော် တံကားပိတ်ပြီးဝင်လာတော့ ဒေါ်သူဇာလွင်ဆိုသည့်အမျိုးသမီးကြီးက ဧည့်ခန်းကို လိုက်ကြည့်နေပြီး ခပ်လှလှအမျိုးသမီး ကတော့ ဆိုဖာပေါ်မှာခြေချိတ်ထိုင်နေလေသည် ။

"ခဏလေးဗျ ကျွန်တော်အအေးဖျော်ခဲ့ပေးမယ်''

ပြောပြီး မီးဖိုခန်းဘက်လှည့်ထွက်မည်အပြု

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now