ep 6

1.1K 73 6
                                    

ပိစိလေးလည်းသက်သာနေပြီမို့ ဒီနေ့တော့
ကျွန်တော် မေမေ့ ကြက်မောက်စိုက်ခင်းဘက်သွားကြည့်ရန်တွေးမိလိုက်သည် ။
မရောက်ဖြစ်တာလဲ အတော်ကြာနေပြီလေ။

ကျွန်တော်အဝတ်အစားလဲ ပြီး ceoကိုစောင့်နေစဥ် ရတီမထံမှ ဖုန်းဝင်လာ၏ ။

"ဟလို ရတီပြော''

"အင်း နင်မော်လမြိုင်ပြန်သွားတာဆို''

"အင်း''.

"ငါ့ကိုတေုင်မပြောဘူး ပြောရင်လဲငါလဲလိုက်မှာပေါ့ တယောက်ထဲမို့မပြန်တာဟ('

"ေအာ်...ငါလည်းမသိလို့ပါဟာ ပြီးတော့
ပိစိလေးနေမကောင်းလို့ပြန်လာတာဆိုတော့ နင်ကိုပြောဖို့သတိမရလိုက်ဘူး ''. .'

"ညီမလေးက နေမကောင်းဘူးလား ဘာဖြစ်တာလဲ ရှင်လွန်း အခုရောသက်သာရဲ့လား''

"အင်း သက်သာတယ်ဟ သွေးလွန်တုပ်ကွေး
တဲ့...''

"ကလေးကိုဂရုစိုက်လိုက်အုံး''

"သိပါတယ် ''

"အော် ရှင်လွန်း ငါတို့အိမ်ကိုလဲသွားခဲ့ပေးအုံး
မာမီငါ့ကိုထည့်ပေးစရာရှိလို့တဲ့''

"ေအးအေး ငါ သွားခဲ့ပေးမယ်''

"အင်းအင်း အာ့ဆို ဒါပဲလေ ရှင်လွန်း ''

"အင်း ''

ကျွန်တော်ဖုန်းပြောပြီးအိမ်ထဲဝင်လာတော့ceoက အဝတ်အစားလဲပီးလို့
အပြင်တောင်ရောက်နေလေပြီ ။

"ခဏကဘယ်သူဆက်တာလဲရှင်လွန်းငယ်''

"ရတီဗျ''

"အော်''.

အော် ဟုသာဖြေပြီး ရေနွေးငှဲ့သောက်နေလေသည် ။

"မေမေ ကျွန်တော်ခြံထဲသွားမလို့ဗျ''

ကျွန်တော်အသံကြားတော့နေ့လည်စာချက်နေသောမေမေက ဇွန်းကြီးကိုကိုင်လျက်
အပြင်ထွက်လာလေ၏ ။

"ဟဲ့...သား..ဘာလို့ခြံထဲသွားမှာတုန်း
မောင်လျှံမင်းထက်ကို ကျိုက်သလ္လန်ဘုရားတို့ ဦးခန္ဓီတောင်တို့ လိုက်ပို့လိုက်အုံးလေ
မနက်ဖြန်ပဲ ပြန်မှာကို''

"အော် ဟုတ်သားပဲ အဟီး ကျွန်တော်လိုက်ပို့လိုက်မယ်မေမေ''

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now