ဒီနေ့က ကျွန်တော်တို့ဇာက်ကား ကြော်ငှာစတင်ပြသမည့်ရက်မို့ ဘုရားမှာ ယတြာချေ
ဆုတောင်းရမည့်ရက်ဖြစ်သည် ။ ထို့ကြောင့်
ကျွန်တော်လည်း တီရှက်လက်ရှည်ဖြူလေးကိုမှ ယွန်းငွေချည်ထိုးပုဆိုးအနက်လေးနှင့်တွဲဝတ်ကာ ကတ္တီပါဖိနပ်နက်ပြာလေးကိုအရံသင့်ထုတ်ထားလိုက်လေသည် ။မနေ့က ceoလာခေါ်မည်ပြောထားသောကြောင့် ceoမလာခင် ကွန်ပြူတာထက်ကရေးလက်စ စာမူလေးကိုဆက်ရေးနေလိုက်၏ ။ ခဏအကြာ ဖုန်းထဲကmessageလေးကြောင့် ceoရောက်နေမှန်းသိလိုက်သည် ။
ကျွန်တော်လည်း ဖုန်းကို ခါးကြားထိုးထည့်ကာ လက်က လိုသုံးလိုမယ်ပိုက်ဆံအိတ်လေးဆွဲကာဆင်းခဲ့လိုက်၏ ။ ceoကတော့ပုံမှန်အတိုင်း smart ကျသောပုံစံဖြင့် ကျွန်တော် အမသိမသာလေးပြုံးပြနေလေသည် ။
*ဒီနေ့တော့ ပေါက်စကအရင်နေ့တွေနဲ့မတူပဲ ပုဆိုးနဲ့ စတစ်လက်ရှည်ဝတ်ထားသောကြောင့်လူကြီးဆန်သလိုလိုဖြစ်နေပေမဲ့ ကျွန်တော် မျက်စိထဲမှာတော့ တကယ့်ကလေးပေါက်စပါပဲ.... *
"Morning ceo ''
"အင်း''.
ဟုသာဖြေလိုက်ပါသည် ။ ကားတံကားကိုဖွင့်ပီးကျွန်တော်ဘေး ဝင်ထိုင်လိုက်သည်နှင့်ဆပ်ပြာရနံ့လိုလိုlotion ရနံ့လိုလို ခပ်သင်းသက်းရနံ့လေးကိုရူရိူက်မိလိုက်သည် ။ ပေါက်စနှင့်တွေ့တိုင်း ဒီရနံ့ကိုရနေကြဖြစ်ပေမဲ့
ကျွန်တော် အတွက်ရိုးသွားသည်ဟူ၍မရှိ ။"မနက်စာစားခဲ့ပြီလားဗျ''. .
တိတ်တိတ်နေသောလေထုကိုကျွန်တော်က
ပဲစတင်ဖြိုခွင်းလိုက်တော့၏ ။"ဟင့်အင်း မင်းရော''
"Ceo နဲ့မှအတူစားမလို့ ''
အခုနောက်ပိုင်းဆို ဒီကောင်လေးကရဲတင်းလာသည် ။ ညနေပြန့်တိုင်းကျွန်တော်ကားနဲ့လိုက်ပြန်သလို မနက်ခင်းဆိုလည်းဝင်ခေါ်ပေးရသည် ။ ဒီကြားထဲမနက်စာကဝယ်ကြွေးရသေးသည် ။ တကယ်မလွယ်တဲ့ဟာလေး ။
"ဒါဆိုလည်း ဝင်စားကြတာပေါ့''
ကျွန်တော်အတွက်တော့ceoရဲ့အေးစက်စက်ပုံစံကိုသိပ်သဘောကျပါသည် ။ ကျွန်တော် လိုစပ်ဖြဲဖြဲမဟုတ်တာကြောင့်ပေါ့ ။ အဲ့လိုနဲ့
ကျွန်တော်တို့မနက်စာဝင်စားပြီး ယတြာချေမည့် ဘုရားသို့ ရောက်လာရတော့၏ ။
YOU ARE READING
မတွယ်ငြိသင့်သောသံယောဇဥ်
General Fictionမတွယ်ငြိသင့်သည့်သံယောဇဥ် Prov မချစ်သင့်တဲ့လူနှစ်ဦးချစ်မိသွားတဲ့အခါ သူတို့နှစ်ဦး ပေါင်းစပ်ဖို့ထိကံကြမ္ပာကအခွင့် အရေးပေးပါ့မလားးး....? အဖေတူအမေကွဲညီအကိုနှစ်ဦးဖြစ်တဲ့ ရှင်လွန်းငယ်နဲ့ မင်းလျှံထက်.....။ မင်းလျှံထက်ဆိုသည့် အသက်၃၀ ကျော်ဖြင့် k&K Enterta...