ep 7(🔞🚨🔥⚠ )

2.8K 92 0
                                    

ကျွန်တော်တို့မော်လမြိုင်ကပြန်လာပြီးထဲကceoနှင့်စကားသိပ်မပြောဖြစ် ။ ceoကလဲအလုပ်ကိစ္စရှိရင်သာမေးတတ်ပြီးအရင်လို
စနောက်တာမျိုးလည်းမရှိတော့ပါအမြဲတမ်းမျက်မှောင်ကြုံပြီးအလိုမကျသည့်အကြည့်များဖြင့် ceoတစ်ခုခုကိုနကျေမနပ်ဖြစ်နေပုံပင် ။ ဘာမှမဆိုင်သည့်လူတစ်ယောက်အကြောင်းကိုဘာလို့ခဏခဏတွေ့မိနေမှန်း
ကျွန်တော် ကိုယ်တိုင်ပင်မသိပါ ။

Ceoဟူသောဝေါဟာရလေးကိုတွေးမိရုံနှင့်ရင်ထဲကသိမ့်ခနဲ့  ။ ဤခံစားချက်မျိုးကိုကျွန်တော် စိတ်ပျက်မိပါသည် ။ စာရေးနေရင်းနှင့်လည်း အာရုဏ်မရစွာ ထိုလူကြီးကို
ခဏခဏငေးကြည့်နေမိသည် ။ ထိုလူကတော့ ပုံမှန်အတိုင်းသာလူပ်ရှားနေသည်မို့
ကျွန်တော်ခိုးကြည့်နေတာကိုမြင်ပုံမပေါ် ။

မမြင်တာလည်းကောင်းပါသည် ။ မရေရာတဲ့ခံစားမူတွေကြား ကျွန်တော် ရူးချင်မိသည် ။
သို့ပေမဲ့ ceo ကျွန်တော် လိုမရေမရာမခံစားနေရရင်တော်ပေအုံးမည်ဟု တွေးရင်းဖြေသိမ့်မိသည် ။ တစ်ခါ ခိုးကြည့်ပီးတိုင်းလဲသက်ပြင်းငွေ့ငွေ့လေးချမိသည် ။

နေ့လည်စာစားချိန်ရောက်တော့ ကျွန်တော် ceoအတွက်စားစရာယူပေးထားခဲ့ ပြီးရတီတို့ဘက်ထွက်လာခဲ့မိသည် ။ စိတ်ပြေလက်ပျောက်ပေါ့ ။ ရတီနှင့် ကျွန်တော်ကအိမ်ကသဘောတူထားကြတယ်ဆိုပေမဲ့ သူငယ်ချင်း သံယောဇဉ် ထက်တော့မပိုကြပါ။ တိုင်ပင်စရာရှိရင် တိုင်ပင်လို့ရသလို အကူညီလိုရင်လဲနှစ်ခါပင်ပြောစရာမလိုသောသူငယ်ချင်းမျိုး ။

"ရှင်လွန်း ငါတို့နဲ့နေ့လည်စာလာစားတာလား''

ကျွန်တော်ကိုမြင်တော့ရတီကပြုံးရွှင်စွာပင်
နူတ်ဆက်လေသည် ။

"အင်း''.

ကျွန်တော်လည်းရတိိီဘေးဝင်ထိုက်ရင်း ရတီယူထားသော နေ့လည်စာဗန်းထဲက ခေါက်ဆွဲပန်းကန်ကို အခန့်သားထိုင်စားနေလိုက်၏ ။

"ရှင်လွန်း အကျင့်ပုတ်လေးသူများခေါက်ဆွဲကိုယူစားပစ်တယ်''

"ငါသွားမယူချင်လို့ပါဟာ နင့်ဘာသာသွားယူလိုက်တော့''

ကျွန်တော်စကားကြားတော့ရတီမကဆူပုတ်နေစဥ်...

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now