ကျွန်တော်ဆင်းလာတော့ တီတီကြီးက မနက်စာပြင်နေလေသည် ။ ကျွန်တော်ကိုမြင်တော့
ခပ်သဲ့သဲ့ပြုံးရင်း"သားမင်းလျှံ ရုံးသွားတော့မလို့လား''
"ဟုတ်တီတီကြီး''
"အလုပ်အကိုင်တွေရောအဆင်ပြေရဲ့လား''
"ဟုတ်တီတီကြီး''
"မနေ့ကတော့ ရှေ့နေကြီးလာသွားတယ်
မင်းအဖေရှာခိုင်းတဲ့ကလေးကိုတွေ့လား''တီတီကြီး မေးတော့ကျွန်တော် ကော်ဖီပန်းကန်ကို ကျွန်တော်အရှေ့ဆွဲလိုက်ရင်း
ကိတ်မုန့်ပန်းကန်ထဲက ကိတ်တစ်စိတ်ကိုပါယူရင်းပါးစပ်ထဲထည့်လိုက်၏ ပြီးမှ"ဟုတ်တွေ့ပြီတီတီကြီး''.
"အသက်ဘယ်လောက်လောက်ရှိပြီလဲ''
"၂၀ဝန်းကျင်နေမှာပေါ့('
"အာရုဏ်ရတဲ့ပုံမပေါ်ဘူးနော်''
"အဟက် တီတီကြီးဖြစ်စေချင်သလိုပဲ
မဟုတ်ဘူးလား ကျွန်တော်ကလည်းဖေဖေသေတမ်းစာအတိုင်းလုပ်ပေးရုံပဲကျွန်တော်ညီလေးအဖြစ်ဘယ်တော့မှအသိအမှတ်ပြုမှာမဟုတ်ဘူး...('ဒေါ်ခင်ခင်ကြီး ကျေနပ်စွာပြုံးရင်း
"အမွေကိစ္စကိုရောဘယ်လိုလုပ်မှာလဲ''
"ဖေဖေသေတမ်းစာထဲကအတိုင်း သူအိမ်ထောင်ကျမှ ဖေဖေသူ့နာမည်နဲ့လွဲပေးခဲ့တာတွေကိုပြန်ပေးရုံပေါ့''
"ဟုတ်ပါပြီ....အခုရောအဲ့ကောင်လေးကဘယ်မှာလဲ'
"တီတီကြီးကသိပြီးဘာလုပ်မှာလဲ''
"အဟင်း...ဘာမှမလုပ်ပါဘူး သိချင်ရုံပါ''
"သိလည်းဘာမှလုပ်လို့ရမှာမဟုတ်ပဲနဲ့
သိချင်မနေပါနဲ့တီတီကြီး...ကဲ ကျွန်တော်
သွားတော့မယ်''ဘာကြောင့်မှန်းတော့မသိပါ တီတီကြီး
ရှင်လွန်းငယ်အကြောင်းမေးသည်ကိုတစ်စက်လေးမှသဘောမကျ.....။........
ကျွန်တော်ရုံးခန်းထဲဝင်လာတော့ ဟိုကောင်လေးကရောက်နှင့်နေပြီဖြစ်သည် ။ အကျီအပြာနု တီရှပ်ပွပွလေးကိုမှဘောင်းဘီအမဲဒူးထိလေးဖြင့်လိုက်ဖက်စွာဝတ်ဆင်ထားလေသည် ။ ဆံပင်ခပ်ဝါဝါလေးတွေကဘာမှမလိမ်းထားသောကြောင့် လွတ်လပ်စွာလူပ်ရှားနေလေသည် ။
YOU ARE READING
မတွယ်ငြိသင့်သောသံယောဇဥ်
General Fictionမတွယ်ငြိသင့်သည့်သံယောဇဥ် Prov မချစ်သင့်တဲ့လူနှစ်ဦးချစ်မိသွားတဲ့အခါ သူတို့နှစ်ဦး ပေါင်းစပ်ဖို့ထိကံကြမ္ပာကအခွင့် အရေးပေးပါ့မလားးး....? အဖေတူအမေကွဲညီအကိုနှစ်ဦးဖြစ်တဲ့ ရှင်လွန်းငယ်နဲ့ မင်းလျှံထက်.....။ မင်းလျှံထက်ဆိုသည့် အသက်၃၀ ကျော်ဖြင့် k&K Enterta...