Fancy ပစ္စည်းများ နှင့်နူးညံ့သေသပ်စွာပြင်ဆင်ထားသော ထက်ရတုနိုင်အခန်းထဲမှ ပစ္စည်းရိုက်ခွဲသံတွေက တဒိုင်းဒိုင်း....။
အနုပညာလောကထဲ စဝင်ကတည်းက ဤပစ္စည်းများကိုအမြတ်တနိုးတန်ဖိုးထားခဲ့ပေမဲ့ယခုတော့ မြင်သမျှ အရာတွေကိုဖျက်စီးပစ်ချင်သည် ။ စိတ်ရှိတိုင်းလုပ်လို့ရမှလဲ ဝမ်းနည်းမူသက်သာပေမည် ။ ဤခံစားချက်မျိုး ကို ဝမ်းနည်းမူလို့ခေါ်လေသလား ။
မငိုပဲတစ်လှိမ့်လှိမ့် ကျဆင်းလာတဲ့မျက်ရည်တွေ ကြောင့် မျက်လုံးများပင်နီရဲကာယောင်ယမ်းနေလေပြီ ။ ဘယ်နေရာက်ိုပဲ
ကြည့် ကြည့် ချစ်ရသူ၏ ပင်ပန်းနွမ်းလျနေသော ပုံရိပ်များက တလွှားလွှား...။ စိတ်တိုပါသည် ကိုယ့်ကိုလည်း ဘာကြောင့်များ
အရူးအမူးချစ်မိတဲ့သူဆိီမှဥပေက္ခာတွေရခဲ့သလဲ ဆိုပြီးတော့ ။ဘာကြောင့်များ ကိုလျှံမင်းထက် လိုလူမျိုးနားမှာမှ ရူံးနိမ့်ရပါသနည်း ။ ကလေးငယ်ကရော ဘာလို့ ကိုယ့်ကို ငြင်းပယ်ပြီး သူ့ကိုမှလက်ခံပါသလဲ ။ ကိုယ့်မှာက သူမကြိုက်လောက်တဲ့အချက် ဘယ်နေရာများရှိနေပါသလဲ...။
စိတ်ထဲမှမေးခွန်းများအဆုံး modelပြိုင်ပွဲက အမှတ်တရ ဆုတံဆိပ်များအားလူံးကိုရိုက်ခွဲပစ်လိုက်မိသည် ။
*စောင့်နေပါကလေးငယ် ကိုယ်မင်းကိုကိုယ့်ဆီအရောက်ခေါ်ပြမယိ.... ကိုယ်အတ္တကြီးမှရမယ်နဲ့တူပါတယ်ကွယ်...ကိုယ်နူးညံ့ပေးပြီးပြီလေ ခံလဲခံစားပေးပြီးပြီ မရတဲ့အဆုံး အတ္တတွေနဲ့ ချည်နှောင်မိရင် တောင်းပန်ပါတယ် ချစ်တယ် ကလေးငယ်*
..........
"လျှံမင်းထက် ညက အိမ်ပြန်မအိပ်ရလောက်အောင် ဘာတွေအရေးကြီးနေတာလဲ''
အိမ်ထဲဝင်ဝင်ချင်းမေးလိုက်တဲ့ တီတီကြီးကြောင့် မချိုမချဥ်မျက်နှာထားကိုပြင်ကာ
"သူငယ်ချင်းတယောက်ရဲ့ ပါတီရှိလို့
အစကအိပ်ဖစ်မယ်မထင်လို့ဖုန်းလှမ်းမဆက်လိုက်တာ နောက်မှသောက်တာများသွားလို့တီတီကြီး'('"အော် ဟုတ်ပါပြီ ''.
"တ်ိတီကြီိး ပြောစရာရှိလို့လား''
YOU ARE READING
မတွယ်ငြိသင့်သောသံယောဇဥ်
General Fictionမတွယ်ငြိသင့်သည့်သံယောဇဥ် Prov မချစ်သင့်တဲ့လူနှစ်ဦးချစ်မိသွားတဲ့အခါ သူတို့နှစ်ဦး ပေါင်းစပ်ဖို့ထိကံကြမ္ပာကအခွင့် အရေးပေးပါ့မလားးး....? အဖေတူအမေကွဲညီအကိုနှစ်ဦးဖြစ်တဲ့ ရှင်လွန်းငယ်နဲ့ မင်းလျှံထက်.....။ မင်းလျှံထက်ဆိုသည့် အသက်၃၀ ကျော်ဖြင့် k&K Enterta...