မတွယ်ငြိသင့်သောသံယောဇဥ်
Ep 5
ကျွန်တော်တို့မော်လမြိုင်ရောက်တော့နေ့လည်၂နာရီခန့်သာရှိသေးသောကြောင့်
Ceo အလုပ်ရှိသည့်အိမ်သို့အရင်ဝင်ခဲ့လိုက်တော့၏ ။ ceoအသိအိမ်ကကျွန်တော်တို့အိမ်နှင့်တော့ သိပ်မဝေးလှပါ ။ ကျိုက်သုတ်ဘုရားလမ်းထဲတွင်ပဲ ဖြစ်သည် ။ ကျွန်တော်တို့အိမ်က မော်လမြိုင် ပြည်သူ့ဆေးရုံကြီး
အနောက်ဘက်လမ်းထဲမှာ ceoအသိအိမ်က
အရှေ့လမ်းကြားထဲမှာ လမ်းလျှောက်သွားရင်တောင် ၁၅မိနစ်လောက်ပဲ ကြာပေလိမ့်မည် ။သို့ပေမဲ့ ceoအလုပ်ပီးသည်အထိ ေစာင့်နေလိုက်သည် ။ ကိုယ့်နောက်လိုက်လာသောဧည့်သည်ကိုတစ်ယောက်ထဲထားခဲ့ပြန်ရင်လဲ
မဟုတ်ဘူးမလား ။ ceoကအထဲ ဝင်သွားတော့ ကျွန်တော် လဲ လိုက်မဝင်တော့ပဲကားထဲကသာ စောင့်နေလိုက်တော့သည် ။ceoကိုစောင့်ရင်းမေမေ့ကိုပါ တစ်ခါထဲဖုန်းကြိုဆက်လိုက်မိ၏ ။"ဟယ်လို သားကြီး''
"ဟုတ်ကဲ့မေမေ ကျွန်တော်တို့မော်လမြိုင်
ရောက်ပြီဗျ''. .'"ဟုတ်လားသား မေမေလာကြိုရမလား
ဘယ်ကားနဲ့လာခဲ့တာလဲ''"လာမကြိုပါနဲ့တော့မေမေ ကျွန်တော် ရုံးက
Ceoကားနဲ့လာတာဗျ အခုceoကအလုပ်လေးရှိနေလို့ စောင့်ပေးနေတာ အငယ်လေးရောသက်သာရဲ့လားမေမေ''."အင်း သက်သာတယ်ကွဲ့...သားလဲဂရုစိုက်အုံးနော်''
"ဟုတ်မေမေ အိမ်ရောက်မှတွေ့မယ်ဗျ''
"ဟုတ်ပြီသားလေး''
"ဒါဆို ကျွန်တော်ဖုန်းချလိုက်ပြီနော်''
ဟုပြောကာ တီ ခနဲ့ ဖုန်းချလိုက်တော့၏ ။
ငယ်လေးသက်သာတယ်ဆိုသောစကားကြောင့်အိမ်မြန်မြန်ရောက်ချင်စိတ်တော့မဆောတော့ပါ ။ခဏလေးကြာတော့ceoကလူတစ်ယောက်နှင့်အတူ ပြန်ထွက်လာတာလေသည်။ ထိုဦးလေးကြီးကို ကျွန်တော်ကျောင်းတက်နေတုန်းက တွေ့ဖူးသော်လဲ သိကျွမ်းခြင်းတော့မရှိ ။ ထိုဦးလေးကြီးကceoကို ကားနားအထိလိုက်ပို့ရင်း ကျွန်တော်ကိုမြင်တော့
"အော် မောင်မင်းလျှံထက်ရယ် ဒီကောင်
လေးကိုပါ အထဲခေါ်ခဲ့တာမဟုတ်ဘူးအခု
တော့အကြာကြီးစောင့်လိုက်ရပြီ''
YOU ARE READING
မတွယ်ငြိသင့်သောသံယောဇဥ်
General Fictionမတွယ်ငြိသင့်သည့်သံယောဇဥ် Prov မချစ်သင့်တဲ့လူနှစ်ဦးချစ်မိသွားတဲ့အခါ သူတို့နှစ်ဦး ပေါင်းစပ်ဖို့ထိကံကြမ္ပာကအခွင့် အရေးပေးပါ့မလားးး....? အဖေတူအမေကွဲညီအကိုနှစ်ဦးဖြစ်တဲ့ ရှင်လွန်းငယ်နဲ့ မင်းလျှံထက်.....။ မင်းလျှံထက်ဆိုသည့် အသက်၃၀ ကျော်ဖြင့် k&K Enterta...