ပေါက်စကိုဂရုမစိုက်ပဲ စာရင်းတွေသာဖိလုပ်နေလိုက်သည် ။ ကိုယ့်ကို တစ်ယောက်ထဲထားခဲ့ ပြီး သူက ထက်ရတုနိုင်နှင့်လာတွေ့သည်တဲ့လေ ။ စိတ်ထဲမှာ တကယ်ခလုခလုပင် ။
ထိုစဥ် ရုတ်တရက်ထမြည်လာသောringtoneသံကြောင့် ပေါက်စကိုတသ်ချက်လှမ်းကြည့်မိတော့ ကျွန်တော် ကိုမသိမသာကြည့်နေလေသည် ။ တကယ့် ပူကြူးလေး ။ Content nameကိုကြည့်မိတော့ ma may တဲ့....
"ဟလို မမေ''.
". ..''
".အော် ဟုတ် ကျွန်တော် အခုလာကြိုပေးပါ့မာ်နော် ဟုတ်ကဲ့ ''
". ..''
"ဟုတ် မကြာစေရပါဘူးဗျာ''
ကျွန်တော်ကို ကျ စကားတောင်မပြောပဲ ဖုန်းဝင်လာတော့ကျ သကြားထည့်ထားသည့်အသံနှင့် ပြုံးရွှင်ကာ ဖုန်းပြောနေသောလူကြီးကြောင့် စိတ်ကမကြည်ချင်ပါ ။ ဒါကို
တောင် ဂရုမစိုက်ပဲ ကုဒ်အကျီဆွဲ ပီးဘာမှ
မပြောပဲ ထွက်သွားသော လူကြီး ။ဟူး...တကယ်စိတ်လေပါတယ်ဗျာ
အဲ့အမျိုးသမီးက ဘယ်လောက်တောင်
ခမ်းနားလိုက်သလဲ ဆိုတာ ကျွန်တော် မမြင်
ခင်ထဲက သိနေရ၏ ။ဘာလို့လဲဆို အခုကြည့်လေ လူကြီးကပြာပြာသလဲ နဲ့ သွားကြိုတယ် ။ စိတ်ထဲရှိသမျှမကျေနပ်မူတွေကို keyboardပေါ်မှာသာပုံချ
နေမိလိုက်၏ ။စိတ်သက်သာပါစေအုံးတော့ဆိုပြီးပေါ့.။
*ဘာမှန်းမရေရာတဲ့အခြေအနေတစ်ခုအတွက် ကျွန်တော်အရမ်းပင်ပန်းနေပြီ *
........
"မမေရယ် လာမယ်ဆိုလဲ ကြိုပြောရောပေါ့''
ဂျင်းအကျီ ပွပွလေးကို ဒူးထိအမဲရောင်စကပ်လေးနှင့် လိုက်ဖက်စွာဝတ်ဆင်ထားပြီး
ရှည်လျားလှတဲ့အရပ်အမောင်းကြောင့်အတော်လေ လူကြားထဲထင်ရှားသော
မေသွန်းစက်....။"လျှံလေးကို suprise တိုက်တာလေ
မအံ့သြ သွားဘူးလား''"အဟက်...ဟုတ်ပါပြီဗျာ
အံ့သြပါတယ် အခုတော့ သွားကြစို့
မမေပင်ပန်းနေပြီမဟုတ်လား''ဆိုပြီးတံကားဖွင့်ပေးလိုက်သောကြောင့်
မမေက ခပ်ချိုချိုပြုံးကာ ကားပေါ်တက်သွားသောကြောင့် ကျွန်တော်လည်းကားတံကားပိတ်ကာ အိမ်သို့ ဦးတည်ရတော့၏ ။
YOU ARE READING
မတွယ်ငြိသင့်သောသံယောဇဥ်
General Fictionမတွယ်ငြိသင့်သည့်သံယောဇဥ် Prov မချစ်သင့်တဲ့လူနှစ်ဦးချစ်မိသွားတဲ့အခါ သူတို့နှစ်ဦး ပေါင်းစပ်ဖို့ထိကံကြမ္ပာကအခွင့် အရေးပေးပါ့မလားးး....? အဖေတူအမေကွဲညီအကိုနှစ်ဦးဖြစ်တဲ့ ရှင်လွန်းငယ်နဲ့ မင်းလျှံထက်.....။ မင်းလျှံထက်ဆိုသည့် အသက်၃၀ ကျော်ဖြင့် k&K Enterta...