ep 19

781 42 1
                                    


တီသွယ်ပြန်သွားပြီးထဲကမျက်နှာမ
ကောင်းသူကြောင့်သတင်းကောင်းမ
ဖြစ်နိုင်သည့်ကိစ္စတစ်ခုခုရှိနေမှန်းသူ
သိပါသည် သို့သော်ဘာလဲဆိုတာသူ့
ကိုမမေး ။ သူအဆင်သင့်ဖြစ်တဲ့အ
ချိန်မှပြောပါစေလေ ။

ဘာဆိုတာသိနေပေမဲ့သူကိုယ်တိုင်
ပြောလာတဲ့အခါကိုယ်ကခံနိုင်ရည်
ရှိပါ့မလား သူ့ရှေ့မှာတင်မျက်နှာကြီး
တင်းခနဲ့ ဖြစ်သွားမလားဒါမှမဟုတ်
မျက်ရည်တွေထိန်းမရအောင်ကျလာ
လေမလား ဒါမှမဟုတ်ထွက်မသွားပါ
နဲ့ဆိုပြီးဖက်တွယ်ပြီးငိုမိလေမလား ။

မှတ်မှတ်ရရပြောရင်သူနဲ့ကျွန်တော်
စကားမပြောဖြစ်ကြတာတီသွယ်ပြန်
သွားပြီထဲက ။ မနက်ခင်းကျွန်တော်
ထလျှင်လည်းသူကရုံးသွားနှင့်ပြီဖြစ်
သလို ရုံးမှာဆိုလည်းအတွေ့မခံရှောင်
နေလေသေးသည် ။ ညနေအိမ်ပြန်ချိန်
လည်း ကျွန်တော်ရောက်ရင်သူကအိပ်
ပျော်နေလေပြီ.... ။

အမှန်တကယ်အိပ်ပျော်နေလေသလား
ဆိုရင်လည်းမဟုတ်မှန်းကျွန်တော်သိ
ပါသည် ။ သို့သော် သူကိုယ်တိုင်ကျွန်
တော်ကိုစကားပြောဖို့အဆင်ပြေတဲ့အ
ချိန်မှပြောပါစေလေဟူသောအတွေး
နှင့်လွတ်ပေးထားလိုက်မိခြင်း ။

ကျွန်တော်တို့တွေကဆယ်ကျော်သက်
တွေမဟုတ်ကြတော့ပေမဲ့အချစ်နဲ့ခွဲခွာ
ကြရမည်ဆိုပြီးသိလိုက်ရတဲ့အချိန်မှာ
ပုံမှန်ထက်သတ္တိတွေပျောက်ဆုံးကုန်
တာ သူအသိဆုံး ။

သူအိပ်နေပြီလမသိပေနဲ့ဧည့်ခန်းထဲ
မှာပဲလချုပ်စာရင်းတွေကိုထိုင်စစ်နေ
လိုက်မိသည် ။ ပုံမှန်ဆိုအိပ်ယာပေါ်
မှာ သူ့ကိုယ်သင်းရနံ့လေးနဲ့အလုပ်လုပ်
ရတာသဘောကျပေမဲ့ ဒီနေ့စိတ်ထဲတ
မျိုးကြီးဖြစ်နေသည် ။

ဘာဖြစ်နေမှန်းတော့မပြောတတ် ။

ကွန်ပြူတာဆီအာရုံရောက်နေစဥ်စာ
ပွဲပေါ်ရောက်လာသောကြွေရောင်လက်
နေသည့်စာရွက်လေးကြောင့်တအံ့တ
သြမော့ကြည့်မိတော့ခပ်ဆွေးဆွေးမျက်
ဝန်းများနှင့် ရှင်လွန်းငယ်....။

ဒါဟာဘာဆိုတာဖွင့်ဖတ်ကြည့်စရာ
မလို....။ သူ့အကြည့်တွေနဲ့တင်သိသှ်
အချိန်တွေကသိပ်မမြန်နေဘူးလား
ကျွန်တော်တို့ခွဲကြရတော့မယ်တဲ့...။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now