အပိုင်း၁-U

2.5K 47 4
                                    

ပိန်းပိတ်မှောင်နေတဲ့အခန်းတစ်ခန်း။

အဲ့အခန်းထဲမှာ ကျွန်တော်ရပ်နေတယ်။

ရုတ်တရက်အခန်းတံခါးပွင့်လာပြီး စူးရှတဲ့အလင်းရောင်က ကျွန်တော့်မျက်နှာကိုလာထိုးတယ်။ထိုအလင်းရောင်ကြောင့်မျက်လုံးတွေကျိန်းစပ်သွားလို့လက်နဲ့ကာလိုက်တယ်။အလင်းရောင်အောက်မှာ လူတစ်ယောက်ရပ်နေတယ်။ထိုလူ့မျက်နှာကိုကျွန်တော်မမြင်ရ။ကြည့်ဖို့လုပ်ပေမဲ့ အလင်း​ရောင်ကြောင့်မျက်လုံးတွေစူးပြီး အနည်းငယ်သာဖွင့်နိုင်တယ်။ထိုလူ့မျက်နှာကဝိုးတစ်ဝါးပဲ....။

"လူသတ်သမား"

ထိုလူက လက်ညှိုးထိုးပြီးပြောလာတယ်။

"မင်းက လူသတ်ကောင်"

"ငါ့ချစ်သူကိုသတ်တဲ့လူသတ်ကောင်"

"မင်းကိုငါ သတ်မယ်..မင်းကို ငါသတ်မယ်"

​သူကကျွန်တော့်ဆီပြေးလာပြီး လည်ပင်းတွေကိုဆွဲညှစ်တယ်။

သူ့လက်တွေကို ပြန်ဆုပ်ကိုင်ပြီးဖယ်ဖို့လုပ်တယ်။

"မဟုတ်ဘူး။"

အသက်ရှူကျပ်လာတဲ့အထိ သူညှစ်ထားတုန်း!!

မရမကအင်အားနဲ့ ကျွန်တော်အော်တယ်၊အသံကသိပ်မထွက်။

"မဟုတ်ဘူး!!"

ရုန်းကန်နေတုန်း ကျွန်တော့်မျက်လုံးတွေပွင့်လာပြီးကုတင်ပေါ်က ဝုန်းခနဲထထိုင်လိုက်တယ်။

ချွေးစေးတွေပြန်ပြီး အဝတ်တွေလဲစိုရွှဲနေတဲ့အထိကျွန်တော်အိပ်မက်မက်နေခဲ့တာပဲ....။

ဒီအိပ်မက်ကို ထပ်ခါထပ်ခါမက်တယ်။လန့်နိုးလာပြီဆိုရင်လဲကျွန်တော်ကောင်းကောင်းပြန်အိပ်လို့မရတော့။

အောက်ထပ်မှာ လှေကားတက်သံတွေကြားရသည်။

ကျွန်တော့်အော်သံကြောင့် တစ်အိမ်လုံးနိုးသွားကြပြီ။

စက္ကန့်ပိုင်းအတွင်း အိမ်တော်ထိန်းတွေရော အစေခံတွေပါ အခန်းထဲဝင်လာတယ်။

အစေခံရဲ့လက်ထဲမှာတော့ရေတစ်ခွက်နဲ့။

"သခင်လေး အိမ်မက်ဆိုးတွေမက်နေတာလား။"

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now