အပိုင်း၁၄

350 27 0
                                    

≪Unicode≫

""သူဌေးကိုပြောလိုက်နော်...မယုဝါ""

"အင်းပါ..စစ်မှူး...
ငါသေချာ ပြောပြလိုက်ပါ့မယ်""

""အိမ်မှာ အေးဆေးနားဦးနော်""

စိတ်အခြေအနေ မဟန်သေးတာကြောင့် ဆိုင်ကို ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်ရသည်။ မယုဝါကတော့ အလိုက်တသိနဲ့ သူဌေးကို အဆင်ပြေအောင်ပြန်ပြောမှာ သေချာသည်။

*ဒေါက်...ဒေါက်*

"ဘယ်သူလဲ"

"ကျွန်မပါ...သခင်ကြီးပြန်ရောက်ပါပြီ သခင်လေး....
ခဏဆင်းခဲ့ဖို့ခေါ်ခိုင်းလိုက်ပါတယ်"

မနေ့ညက ဖရိုဖရဲပုံစံရော၊ ပြဲနေတဲ့အင်္ကျီလက်မောင်းကိုရော အိမ်တော်ထိန်း မြင်ခဲ့တာမို့ အထူးအဆန်းဖြစ်နေလောက်မှာ အသေအချာပင်။ထို့ပြင် ရဲတွတ်နေတဲ့ မျက်လုံးကြောင့် သံသယဝင်ပြီး ဒယ်ဒီ့ကို အကြောင်းကြားလိုက်ပုံရသည်။

barမှာကျန်ခဲ့တဲ့ ကားကလည်း ခြံထဲကို ပြန်ရောက်နေတာဆိုတော့ တစ်စုံတစ်ယောက်က လာပို့ပေးခဲ့ပုံပေါ်သည်။

ဒယ်ဒီမေးရင် သူဘာဖြေရမလဲ...။

ဒယ်ဒီ့ပုံစံကလဲ မနားရသေးပုံပေါ်ပြီး စိတ်တိုနေပုံလည်းရသည်။

"ဟိုဆိုင်ကို မသွားဘူးဆို!"

"ဟုတ်တယ် ဒယ်ဒီ...
သား..ခေါင်းသိပ်မကြည်လို့..."

"ဘာဖြစ်လာတာလဲ ဒယ်ဒီ့ကိုပြော"

".............."

"ဒီလောက် တက်ကြွပြီး အလုပ်မှ အလုပ် သွားချင်နေတဲ့ ကလေးကို အခုလို မှိုင်းညို့နေအောင် ဘယ်သူလုပ်လိုက်တာလဲ"

"ဒယ်ဒီ့ကို ပြောစမ်း!"

တစ်ခါတောင် မဆူဖူးတဲ့ ဒယ်ဒီက အခုတော့ အသံမာမာနဲ့ကို ပြောဆိုနေသည်။

ဒယ်ဒီစိတ်ဆိုးရင်တောင် ဆိုးသင့်ပါသည်။ဒီတစ်ခါ မှားတာ သူသာဖြစ်သည်။ဒယ်ဒီနေခိုင်းသလို bodyguard တွေနဲ့သာရှိနေခဲ့ရင် အခုလိုဖြစ်လာမည် မဟုတ်ပေ။ဒယ်ဒီ့ရဲ့ ချမ်းသာကြွယ်ဝမှု့ကြောင့် ငယ်ငယ်ကတည်းကပင် မသမာသူတွေဆီမှာ ခဏခဏ အနှောက်အယှက်ခံခဲ့ရသည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now