အပိုင်း၈-U

388 24 0
                                    

"အ အ
သေပြီ! သေပြီ!"

ရုတ်တရက် အာဏာ့ရှေ့ကို ကျယ်ပြန့်တဲ့ကျောပြင်နဲ့လူတစ်ဦးက ကာကွယ်လိုက်ပြီး နောက်လူတစ်ယောက်က ဇေယျာလင်းကို ချုပ်ထားတာဖြစ်သည်။

အဲ့လူတွေက တစ်ခြားလူတော့မဟုတ်။သူ့ရဲ့ bodyguard နှစ်ယောက်ပင်။မနက်ထဲက ဆိုင်ဝင်ပေါက်တစ်ဖက်ဆီမှာ ရပ်ဖို့ဟန်ပြင်တော့...လုံးဝအပြင်မထွက်ရဆိုတဲ့ အမိန့်ပေးပြီး ကားထဲပြန်ဝင်ခိုင်းထားရသည်။ဒါကိုတောင် အထဲမှာ ဇေယျာနဲ့ဖြစ်နေတာသိပြီး ဝင်လာကြတာပင်။ဘယ်လိုသိသလဲဆို...ကားထဲမှာ ဒီဆိုင်ရဲ့ cctvရှိသည်။ဘယ်အချိန်ကတည်းကhackထားလဲမသိပေမဲ့ ကားထဲမှာ တစ်ချိန်လုံး စောင့်ကြည့်နေပုံပင်။

"ဘာလုပ်တာလဲ ခုလွှတ်လိုက်စမ်း!
ဒါငါ့သူငယ်ချင်း"

အဲ့တော့မှလွှတ်ပေးသည်။

"အား သေပါပြီကွာ.."

"အာဏာ မင်း သက်တော်စောင့်တွေကမြန်လိုက်တာကွာ...
ဘယ်က ဘယ်လိုရောက်လာတာလဲ"

"ဒယ်ဒီလွှတ်ထားတာ"

"ဒါဆို ကိုဇေယျာနဲ့ဒီကလူက...သူငယ်ချင်းတွေပေါ့"

"အင်း ဟုတ်တယ်"

"ဟင်း...ရတီ့ကို လှည့်စားတယ်"

"ခံရတာတောင်နည်းသေး....
တော်ပြီ ရတီပြန်တော့မယ်"

"ဟာ...ရတီ ကိုယ်ကချစ်လို့စတာကို
ပြန်ချင်တယ်ဆို လိုက်ပို့ပေးမယ်"

"တော်ပါ...သူငယ်ချင်းနဲ့သာနေခဲ့
မနက်ဖြန်လဲတွေ့လို့ရတာကို"

"တကယ်နော်"

"အင်း"

ရတီထွက်သွားတာကို ဇေယျာက အစအဆုံးလိုက်ကြည့်သည်။

"ဒီထဲထိ ဝင်မလာပါနဲ့လို့မှာထားတယ်လေ"

"ကျွန်တော်တို့ သခင်လေးကို လုပ်ကြံတဲ့သူထင်လို့
တာဝန်အရ.."

"ဟား..ငါ့ရုပ်ကိုကြည့်စမ်းပါဦး
လုပ်ကြံမဲ့သူလားလို့"

ဇေယျာက ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဖြတ်ပြောသည်။

"ရပြီ ပြန်သွားတော့"

"ဟုတ်ကဲ့"

"သူတို့က ဘယ်သူတွေလဲဟင်..စစ်မှူး"

လေပြေတွေအရိုင်းဆန်တဲ့ခဏOù les histoires vivent. Découvrez maintenant