အပိုင်း၁၆

342 21 4
                                    

≪Unicode≫

မနေ့ကပြောထားတဲ့အတိုင်း ဒီနေ့ သူ ကျွန်တော့်ကို pastaချက်နည်းသင်ပေးမှာဖြစ်သည်။

ချက်ပြုတ်တဲ့အခန်းဆီ သူကျွန်တော့်ကို ဆွဲခေါ်လာပြီး apron ကိုခါးမှာစည်းပေးသည်။

အခုဆိုင်မှာ သူနဲ့ကျွန်တော်သာရှိတော့သည်။ဆိုင်သိမ်းချိန်ကျော်သွားပြီမို့ အားလုံးပြန်ကုန်ကြတာဖြစ်သည်။

"လာ..ဒီနားကို"

"pastaရဲ့ပါဝင်ပစ္စည်းတွေပြောပြမယ်"

"အင်း"

"သံလွင်ဆီရယ်spaghettiခေါက်ဆွဲရယ်၊ပြီးတော့ ပုစွန်၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုတ်သီးအကြမ်းမှုန့်နဲ့ငရုတ်ကောင်းမှုန့် အဲ့ဒါတွေပါရမယ်။"

"နောက်ဆုံးမှာ နံနံပင်"

"အော်..."

"စချက်ကြည့်ကြမလား"

"အင်း..."

သူစိတ်လိုလက်ရခေါင်းငြိမ့်ပြလိုက်သည်။

သူဌေးက အိုးတစ်လုံးယူပြီး သံလွင်ဆီရယ်ခေါက်ဆွဲရယ်ကိုဆားထည့်ပြီး ပြုတ်ထားပေးသည်။

၉မိနစ်အကြာမှာတော့ အဲ့ဒီအိုးကိုချပြီး နောက်ထပ်အိုးတစ်လုံးနဲ့ သံလွင်ဆီထည့်ပြီး ကြက်သွန်အဖြူအနီထည့်ကာ ပုစွန်ထပ်ထည့်သည်။အားလုံး ရောမွှေပြီးသွားတော့ အစောက ပြုတ်ထားတဲ့ခေါက်ဆွဲကိုထည့်လိုက်သည်။ငရုတ်သီးအကြမ်းမှုန့်နဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ကြက်ပြုတ်ရည်လောင်းထည့်သည်။ဆားအနည်းငယ်ထည့်လိုက်ပြီး နောက်ဆုံးနံနံပင်ထည့်ကာ မွှေသည်။

သူက သူဌေးလုပ်သမျှကို မျက်တောင်မခက်တန်းလိုက်ကြည့်နေမိသည်။တခြားလူအတွက် သာမာန်မျှဆိုပေမဲ့ သူ့အတွက်တော့ ထိပ်တန်းစားဖိုးမှုးတစ်ယောက် ချက်ပြုတ်နေတာကို ရှု့စားနေရသည့်အတိုင်းပင်။ရင်ဖို စိတ်လှုပ်ရှားဖို့ကောင်းသည်။

pastaကို ပန်းကန်ထဲထည့်ပြီးတဲ့အထိ သူလုပ်လိုက်ရတာ ငေးရုံကလွဲဘာမှမရှိ...။

"အင့်....စားကြည့်"

အနားကတူယူပြီး ခပ်စားလိုက်သည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now