အပိုင်း၁၉

346 21 2
                                    

≪Unicode≫

"အစ်ကိုမင်းတို့ကို စစ်မှူးအကြောင်းမေးချင်နေတာ..."

ကိုမင်းပြည့်လျှံက ရုတ်တရက် စကားစလာတော့ သူတို့ စိတ်ဝင်စားသွားကြသည်။

"ဘာသိချင်တာလဲ အစ်ကိုမင်းပြည်လျှံ"

"အစ်ကို့ကို ပြည့်လျှံလို့ပဲခေါ်ပါ.."

"မင်းတို့..ခေါ်ရထောက်နေမယ်ဆိုရင်.."

"ဟုတ်ကဲ့..အစ်ကိုပြည့်လျှံ.."

"ဒါနဲ့...အစ်ကိုက အာဏာ့အကြောင်းဘာသိချင်တာလဲ.."

"မင်းတို့သူငယ်ချင်းက ကျန်းမာရေးမကောင်းတာလား..."

"ဗျာ..ဘာလို့..."

"အစ်ကို သူခေါင်းခဏခဏကိုက်တယ်လို့ပြောတာ ကြားဖူးတော့လေ.."

"အော်...အာဏာ အရင်က accident ဖြစ်ဖူးတယ် အစ်ကိုရ..ပြန်ကောင်းဖို့ ၅လလောက်ကြာသွားတယ်"

"အာဏာ့ ဆရာဝန်ပြောတာတော့ အဲ့ဒဏ်ကြောင့် ခေါင်းကိုက်တာလို့ပြောတယ်..ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ဘူးတဲ့"

"accident ?"

"ဘယ်လို accident မျိုးလဲ.."

"car accident ပါအစ်ကို"

"accident ကြောင့် အာဏာက ၃ ၊၄လလောက် ကိုမာဝင်သွားဖူးတယ်..အာဏာ့အဖေကတော့ အကြီးအကျယ် စိတ်ပူခဲ့တာပေါ့"

"ပြန်နိုးလာတော့လဲ..အာဏာက ဘာဖြစ်ခဲ့တယ်ဆိုတာ ကောင်းကောင်းမမှတ်မိတော့လို့ ပြန်ပျောက်အောင် ကုလိုက်ရသေးတယ်။"

"accident က အာဏာပဲထိခိုက်မိတာလား"

"ဘယ်ကသာအစ်ကိုရယ်..ဟိုဘက်က မိန်းခလေးသေသွားတယ်.."

"သူ့ချစ်သူဆိုတဲ့လူဆို ဆေးရုံမှာ ပြဿနာလာရှာလို့ ကျွန်တော်တို့ ဝိုင်းတားခဲ့ရသေးတယ်"

"နောက်တော့ အာဏာ့အဖေက အဲ့လူကို အချုပ်ထဲထည့်လိုက်တယ်"

"အဲ့ကိစ္စတွေတော့ အာဏာဘာမှမသိထားဘူးနော် အစ်ကို"

"သူသိလို့မရဘူး"

"ဘာဖြစ်လို့လဲ"

ဇေယျက ဆက်ပြောဖို့ကို အပြစ်ရှိသလို နှုတ်ကမထွက်ပေ။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now