အပိုင်း၅-U

417 24 0
                                    

"ယုဝါတို့ သူဌေးက သူ့အမေနဲ့ ညီမကိုလဲ အရမ်းချစ်တာ။"

"ခုလဲမုန့်တွေသွားပို့ပေးတာလေ။"

"သူဌေးက ဆင်းရဲတဲ့ဘဝကနေလာတော့ ငွေရေးကြေးရေးနဲ့ပက်သက်လာရင် အရမ်းစေ့စပ်တယ်။ဒီလိုဆိုင်ဖွင့်ဖို့တောင် သူအများကြီးကြိုးစားခဲ့ရတာ။အဲ့ချိန်မှာ သူဌေးညီမလေးက ခြေထောက်ထိခိုက်မိတော့ သူဌေးအတွက် လူပင်ပန်း၊စိတ်ပင်ပန်းနဲ့လေ။ဟိုတစ်ခါ ရန်ဖြစ်တုန်းကလဲ အတော်ပြန်ဝယ်လိုက်ရတယ်။ဆိုင်ထဲမှာဖြစ်တော့ တစ်ခြား customer တွေလဲ ခါးကျိုးမတက်တောင်းပန်ခဲ့ရသေးတယ်။ သူဌေးက သူ့ဆိုင်လေးထိခိုက်မှာ အရမ်းကြောက်တာ။"

ဒီလိုကြားရတော့လဲ သူစိတ်မကောင်းပါ။အားလဲနာမိပါသည်။

"ဒါနဲ့ မောင်လေးက ဘယ်မှာနေတာလဲ"

"ဗျာ ကျွန်တော်လား"

"ဟို တိုက်ခန်းမှာငှားနေတာ"

"ဟင် ကားကြီးတစ်စီးလုံးကျစီးနိုင်ပြီး တိုက်ခန်းမှာငှားနေရတယ်ဆိုတော့"

"အာ..အဲ့ဒါ ကျွန်တော့်ကား မဟုတ်ဘူး"

"ဟိုတစ်ခါ ပါလာတဲ့နှစ်ယောက် မှတ်မိလား"

"အင်း"

"သူတို့ကား ကျွန်တော်ငှားထားတာ"

"အော်"

"မိဘတွေရောရှိသေးလား"

"အမတို့ကတော့ မိဘတွေကနယ်မှာ"

"ရှိတယ် အဖေတော့ ရှိသေးတယ်"

"သူလဲ....ရွာမှာ"

"ဟုတ်လား မောင်လေးပုံစံက တောသားပုံစံမပေါက်ပါဘူး...ဘယ်ရွာလဲ"

"မကွေး ဟိုးဘက် နည်းနည်းတောကျတဲ့နေရာ"

"အစ်မတို့သိမှာမဟုတ်ဘူး"

"ကျွန်တော်အလုပ်သွားလုပ်တော့မယ်!"

ဟူး...စစ်ဆေးမေးမြန်းနေတဲ့ မယုဝါအား စိတ်ထဲပေါ်ရာလျှောက်ဖြေပြီး သူထွက်ပြေးလာရသည်။

သူ့အဖြစ်ကမလွယ်ပါ။ခုတော့ တစ်ပတ်အတွင်းအောက်ခြေသိမ်းအလုပ်လုပ်တတ်ခဲ့ပြီ။သူများ ဘဝနဲ့သူ့ဘဝက မတူတဲ့အခါ ဘာကြောင့်မှန်းမသိအားနာနေမိသည်။စိတ်အားမငယ်စေချင်တာလဲပါမည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏOnde histórias criam vida. Descubra agora