အပိုင်း၇-U

378 24 0
                                    

"ဘာလို့ ချက်ချင်းမလာတာလဲ"

"ဗျာ လူနာကမသွားချင်ဘူးဆိုတာနဲ့...
ဘာလို့လဲဆရာမ ဒဏ်ရာက များလို့လား"

"သိပ်မများပေမဲ့ အောက်သာနည်းနည်းထပ်ရောက်ရင် ဒုက္ခရောက်မှာ..
ဒါနဲ့များ  တစ်ညလုံးသူဘယ်လို ကြိတ်ခံလဲ"

​ဆရာဝန် စကားကြောင့် သူ့ရှေ့မှာ လှဲနေတဲ့ ကောင်လေးကို သနားမိသွားသည်။သူမှားတာ ဒီကောင်လေး ဘယ်လောက်ခေါင်းမာမာ သူဆေးရုံခေါ်ခဲ့ရမှာ။

"ပြီးတော့ ခေါင်းကို Ct scan(X-ray)ရိုက်ကြည့်ရမယ်"

"ဟုတ်ကဲ့"

ဆရာဝန် ထွက်သွားပြီး သိပ်မကြာကုတင်ပေါ်က ကောင်လေးနိုးလာသည်။

မျက်လုံးစုံပွင့်လာတာနဲ့ ချက်ချင်း ကုန်းထလာသည်။

"ဘယ်ရောက်နေတာလဲ"

"ဆေးရုံ မင်း ဆိုင်မှာမေ့လဲသွားလို့"

"အာ..
ဘာမှမဖြစ်ဘူး ပြန်ကြမယ်"

"ဘာကို ဘာမှမဖြစ်တာလဲ!! မရဘူး
ဆရာဝန်ကဓာတ်မှန်ရိုက်ရမယ်တဲ့"

"ဒီမှာ ဆရာဝန်တွေက လိုရမည်ရ ဓာတ်မှန်ရိုက်ခိုင်းတာ"

"ကျွန်တော့်ခေါင်းက အကောင်းကြီး"

"ဒီလောက်နဲ့ မသေနိုင်သေးဘူး"

"မင်းဘာလို့ပြောရခက်တာလဲကွာ"

"ကျစ်..ခင်ဗျား နေချင်နေခဲ့"

သူအမြန် လစ်ထွက်လာသည်။ချက်ချင်းဆိုတော့ ဘယ်သူမှ သတိမထားမိလောက်ဘူးအထင်နဲ့။ဆေးရုံဝန်းထဲက ထွက်ထွက်ချင်းပဲ ကားအမဲ၂စီးက ရှေ့တည့်တည့်ထိုးရပ်လာသည်။

သွားပြီ!!

"ကားပေါ်တက်ပါ သခင်လေး"

"ကျစ်..ခင်ဗျားကြောင့်!"

ဟိုလူ့ဘက်မဲပြီး ဟောက်လိုက်သည်။

"မလိုက်ဘူး ညမှပြန်ခဲ့မယ်လို့ပြောလိုက် "

"သခင်းကြီးစိတ်အရမ်းတိုနေပါတယ် သခင်လေး"

"သခင်းလေးကိုတော့ မဟုတ်ပါဘူး ဒီဘက်ကလူကိုပါ"

"ဘာ
သူ့ကိုဘာလို့စိတ်တိုရတာလဲ"

"ဒယ်ဒီ့ကိုပြောလိုက် သူနဲ့ဘာမှမဆိုင်ဘူးလို့"

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now