"Sh*t"
"မင်းတို့မှာ တခြားသွားစားဖို့ဆိုင်မရှိတော့ဘူးလား"
"ဟမ်"
"ဒီဆိုင်လဲကောင်းပါတယ်"
"အေး ကောင်းရင် ထိုင်ကြ..
ငါတော့ပြန်မယ်""ဟာ...နေပါဦး အာဏာရာ"
"ဒီဆိုင်ကို ငါတို့ခုမှရောက်ဖူးတာလေ
မင်းအရင်ကလာဖူးလို့လား""အေး လာဖူးတဲ့အပြင် ပြဿနာပါတက်ဖူးတာ"
"မင်းတို့ကိုပြောပြထားတဲ့ မိုယာနဲ့ဖြစ်တဲ့ဆိုင်ကဒီဆိုင်ပဲ"
"အော် ဒီဆိုင်လား"
"ကဲပါ...မင်းလဲ လက်စားချေပြီးပြီကို ကျေနပ်လိုက်ပါကွာ..လာ"
"တိတ်စမ်း..ဒီဆိုင်ရှင်နဲ့ နောက်တစ်ပွဲနွှဲရအောင် အော်ပြောနေတာလား!!"
"အေး အေးပါကွာ..ငါသတိမထားမိလို့"
"လာပါကွာ ငါတို့ဗိုက်ဆာနေပြီ"
ဆိုင်ထဲဝင်လိုက်တာနဲ့ ဝန်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့်နဲ့သူ့ကိုမှတ်မိပုံရသည်။ တစ်ချို့က စိုးရိမ်တဲ့အမူအရာမျိုး မျက်နှာမှာ ပေါ်နေသည်။
waiterကိုလှမ်းခေါ်ပြီး ထက်မြတ်နဲ့ ဇေယျာလင်းက ဦးဆောင်မှာသည်။ထိုအချိန်မှာတော့ သူက ဆိုင်ရှင်သူဌေးဆိုသူကို လှည့်ပတ်ရှာမိသည်။တခြားတော့မဟုတ် သင်ခန်းစာရထားတဲ့မျက်နှာအခြေအနေကိုမြင်ချင်လို့။သူတို့မှာပြီးတော့ အာဏာဘက် menuပေးပြီး ဘာမှာမလဲမေးသည်။
"မိချောင်းသားရလား"
"ဗျာ!
မရပါဘူး ခင်ဗျ""ဒါဆို ငါးမန်းသားရော"
"အဲ့ဒါလဲမရပါဘူး ခင်ဗျ"
"ကျွန်တော်တို့ဆိုင်မှာ ဝက်၊ကြက်၊စိတ်၊အမဲနဲ့ပက်သက်တာ အကုန်ရပါတယ် ပင်လယ်စာတို့ သက်သတ်လွတ်တို့လဲ ရပါတယ်ခင်ဗျ"
"ငါမှ အဲ့ဟင်းတွေ မစားချင်တာ"
"ဒါဆိုလဲ နွားနို့တစ်ခွက်ပဲပေးတော့"
"ဗျာ အဲ့ အဲ့ဒါလဲမရဘူးဗျ"
"ဟ..ဘာမှာမှာမရပါလား"
YOU ARE READING
လေပြေတွေအရိုင်းဆန်တဲ့ခဏ
Romanceတည်ငြိမ်နေတဲ့ နှလုံးသားလေးဆီ... လေပြေတစ်ချို့ဟာ ဖြတ်တိုက်သွားခဲ့တယ် အဲ့လေပြေဟာ အေးမြခြင်းနဲ့ ပူလောင်ခြင်းကို တစ်ချိန်ထဲ သယ်ဆောင်လာခဲ့တာမို့... လေပြေရိုင်း....လို့ အမည်တွင်စေခဲ့တယ် Both Unicode & Zawgyi