အပိုင်း၁၅

350 22 0
                                    

≪Unicode≫

"စစ်မှူး"

"နင်..ပိန်သွားသလိုပဲ"

"အဟင်း..မယုဝါကတော့လုပ်ပြီ"

"ကျွန်တော် တစ်ရက်ပဲ အလုပ်နားလိုက်တာကို...."

"တစ်ရက်ဆိုလဲ တစ်ရက်အလျှောက်လေ..."

"ဝမ်းနည်းစရာဆို...မျက်လုံးကဖုံးမရဘူး"

"အစ်မကို အမြဲတိုင်ပင်လို့ရတယ်နော်..စစ်မှူး"

"ဟုတ်ကဲ့...ကျေးဇူးပါမယုဝါ"

"ကျွန်တော် တကယ် အဆင်ပြေပါတယ်"

"စစ်မှူး"

မယုဝါနဲ့စကားပြောနေတုန်း သူဌေးကအနားရောက်လာသည်။

"ကိုယ်နဲ့ လိုက်ခဲ့"

ဆိုင်အပြင်ဘက်ထိ ဆွဲခေါ်လာပြီးမှ ထောင့်နေရာရောက်တော့ ရပ်လိုက်သည်။ဆွဲထားတဲ့လက်ကိုမဖြုတ်သေးပဲ ကျောပေးထားတဲ့ သူ့ဘက်လှည့်ကြည့်လာသည်။

"မနေ့က...ဘာလို့မလာတာလဲ"

​"မယုဝါမပြောဘူးလား...ခေါင်းကိုက်လို့ဆိုတာ"

"အရင်ရက်ကလဲ မျက်နှာမကောင်းဘူး!
မနေ့ကလဲ အလုပ်မလာဘူး"

"ကိုယ်ဘယ်လောက် စိတ်ပူသွားလဲ သိလား"

"ကျွန်တော် ခင်ဗျားကို စိတ်ပူစေမိသလား..."

​တကယ်ကို စိတ်ပူနေသည့် အမူအရာမျိုး မျက်နှာမှာ မြင်ရတော့ သူအားနာသွားရသည်။

"ကျွန်တော် တောင်းပန်ပါတယ်..."

"မင်း ဘာဖြစ်နေတယ်၊ဘယ်လိုစိတ်ညစ်စရာတွေရှိနေလဲဆိုတာ...ကိုယ်သိချင်တယ်"

"ကိုယ်သိလို့ မရဘူးလား..."

"ဟင့်အင်း..ကျွန်တော် ခင်ဗျားကိုမပြောပြချင်ဘူး"

ယောက်ျားတစ်ယောက်ဆီမှာ အနိုင်ကျင့်ခံရတဲ့ အကြောင်း...ခင်ဗျားကို ဘယ်လိုစိတ်မျိုးနဲ့ ပြောပြရမှာလဲ။ခင်ဗျား အထင်သေးသွားရင်ရော..။

"အင်း..ကိုယ်အတင်းမမေးတော့ဘူး"

"မငိုနဲ့တော့..."

အခုနောက်ပိုင်း သူအလွယ်တကူ ဝမ်းနည်းတတ်လာသည်။ဝမ်းနည်းရင်လဲ အလိုလိုမျက်ရည်ကကျတတ်သေးသည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now