Sugar Baby 🍁-1

1.2K 126 11
                                    

Unicode

Sugar Baby

Namjoon သူဌေး တစ်ယောက်ဆီက ATM Card ကို ခိုးခဲ့သည်....အကျွမ်းကျင်ဆုံး အလုပ်တစ်ခု ဆိုသော်ငြားလည်း တစ်ခါတစ်လေ အလွဲလွဲ အချော်ချော် လေးတွေ ရှိတာ ကြောင့် ချက်ချင်း လူ မိပြီး အပြေးအလွှား ​ပြေးခဲ့ရသည်...

အညိုရောင်ဆံပင်် ကောက် တို့က ဂုတ်နားထိရှည်သည်...ညာဖက်လက်တစ်လျောက် တက်တူးအပြည့်...ခပ်ရှည်ရှည် လက်ချောင်းတွေအထိ ထိုးထားသည်...
T-Shirt အညို ပေါ် အနက်ရောင် Jacket ဝတ်ဆင်ထားပြီး အောက်က ဂျင်း ဘောင်းဘီ ပြာ...

နွေဦး လေ တစ်ဖြူဖြူး ကြားထဲ ပြေးလွှားရသည်က မသက်သာ လှ...နောက်တော့ သူ ကား တစ်စီးကို တွေ့လိုက်သည်...သူ ထို ကားပေါ် အမြန် ပြေးတက်လိုက်ပြီး...

'' မောင်းး....မောင်းတော့...မြန်မြန်မောင်း! ''

'''' ခင်ဗျား ဘယ်ကကောင်လဲ..သူများကားပေါ် အဲ့လို မသိပဲ တက်လာသေးတယ်..မြန်မြန်မောင်းမြန်မြန်မောင်း နဲ့ ခင်ဗျား ဘယ်လို လူ လဲ ဗျ! ''

''ငါ ဘာကောင်လဲ ခဏနေ မင်းကို ရှင်းပြမယ်ကွာ..ခုတော့ ပါ့လိ ''

''နာမည် တော့ ပြော..''

'' ကျစ်..သောက်ရေးထဲ..Kim Namjoon လို့ခေါ်တယ်..ကဲ ရပြီလား မောင်းတော့! ''

အထက်တန်း ကျောင်းသား ရဲ့ ကား ဖြစ်နေသော ကြောင့် Namjoon စိတ်လေသွားသည်...သူ ဆိုသည် မှာက ဒီလို ဆယ်ကျော် သက် အရွယ် ကလေး တွေ ဆို ဘယ်လိုမှ ကြည့်လို့မရ ပါ..

ဒါမဲ့ Namjoon သူ့ ဘေးကို ကောင်လေး ကို တစ်ချက်ကြည့်လိုက်မိသည်....

ဘုရားရေ...တစ်ခါမှ ဒီလောက်လှ တဲ့ ယောကျ်ား လေးမျိုး တစ်ခါမှ ကို မပြောဖူးပါ..

အသားလေးက ဖြူဖြူနုနု လေးနှင့် နှုတ်ခမ်း တွေက လည်း ဆိုးဆေး မလို နီနီရဲရဲလေး...ကား စီရာတိုင် ကို ကိုင်ထား တဲ့ လက်ချောင်းတွေက လည်း ဖြူဖွေး ရှည်လျ ပြီး သွေးကြော စိမ်းဖန့်ဖန့်လေးများနှင့်...

သူနဲ့ ယှဉ် လျှင်တော့ တခြားစီပင်..သူ့ ဆံပင်က စုတ်ဖွာ နေ​ ပြီး
အကျီ် ကလည်း ဖရိုဖရဲ နှင့်...

ခုနက နေရာ နှင့် ခပ်လှမ်းလှမ်းရောက်မှ...

'' ဒီလောက်ဆို ရပြီမလား...ဆင်းတော့! ''

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Where stories live. Discover now