Sugar Baby 🍁-10

560 86 18
                                    

Unicode

မနက်ခင်း Seok Jin နိုးလာတော့ သူ အတော်လေးခေါင်းနောက်နေခဲ့သည်။ သို့ပေမယ့် အရာရာ ပြည့်စုံနေသည့် Seok Jin ဘဝ က ဘာမှပူဆာစရာပင်မလိုပါ။ ဘေး က စားပွဲပေါ် တွင် အရန်သင့်လုပ်ပေးထားသည့် Black Coffee တစ်ခွက် က သူ့ကို နှုတ်ဆက်နေသည်။

သေချာပေါက် Mr.Jack ဖျော်ပေးထားခဲ့ခြင်းဖြစ်သည်။ Mr.Jack ဆိုသူ က Seok jin  ၁၃ နှစ်သားအရွယ်တည်းက သူ့ Bodyguard တစ်ယောက် ဖြစ်လာခဲ့၏။ အစစအရာရာ လိုအပ်ချက်မရှိ ဆောင်ရွက်တတ်သူ တစ်ဦးပီပီ အလုပ်အပေါ်လည်း တာဝန်ကျေခဲ့သည်။

တစ်ခါတစ်လေ ဆရာကြီး လုပ်တာက လွဲရင်....

Seok Jin Black Coffee ကို တစ်ဂျိုက်တည်း မော့ ချ လိုက်ပြီး ရေးမိုးချိုး အဝတ်အစား လဲ ကာ ကျောင်းသို့ ထွက်လာခဲ့သည်။

အမေရော အဖေ ရော နိုင်ငံရပ်ခြား တွင် ရောက်နေကြပြီး အိမ်တော်ကြီး ထဲ အစေခံ လူယုံတော်များ နှင့်သာ အမြဲလိုလို နေထိုင်ခဲ့ ရတဲ့ ကလေး ဖြစ်တာကြောင့် ချစ် ခြင်း မေတ္တာ ကို သိပ်လိုချင်ခဲ့ပါသည်။

ထိုအရာတွေအားလုံးကို ပေးခဲ့တဲ့ Kim Namjoon ဆိုတဲ့ ဦး...
သိပ်ချစ်ရတဲ့ ဦး ဟာ သူ တန်ဖိုးအထားရဆုံး လူသား တစ်ယောက်ပါပဲ....

ဦး ကို အမြစ်တွယ်သလို တွယ်ငြိနေခဲ့ပါသည်....

ကျောင်းရောက်တော့ မနေ့ညက အဖြစ်အပျက်တွေ အားလုံးကို သေချာပြန်စဥ်စားကြည့်သည်။ ဦး က သူ့ ဆိုင်ကယ် ပျက် တဲ့ အပြင်ကို အကြွေးရှင် က ပါ အကြွေးလာတောင်းနေတာကို သတိပြန်ရသွားခဲ့၏။

ကျောင်းအကျီ် အိတ်ကပ်ထဲ က Black Card လေး ကို သူ ထုတ်ကြည့်လိုက်သည်။

'' အရာရာ ဟာ ဦး အတွက် ပဲ...ဦး လိုအပ်ချက် က လည်း Baby  ရဲ့ လိုအပ်ချက် ပဲ...ဟူးးး ''

ဦး ကျောင်းလာကြိုတာ နဲ့ ဦး လက်ထဲ ကို သူ့ Black Card လေး ထည့်ပေးလိုက်ဖို့ စိတ်ကူးထားသည်။ ဦး ငြင်းမယ်ဆိုတာ သိပေ
မယ့် Seok Jin မရ ရ အောင် ပေးဖို့ စီစဥ်ထားခဲ့၏။

စိတ်ကူး နဲ့ လက်တွေ့ဟာ တကယ်တမ်းတော့ လက်တွေ့မကျ ခဲ့..

ဒီနေ့ ဦး က သူ့ကို ကျောင်းလာမကြိုခဲ့ပေ။ Seok Jin သစ်ပင် အောက်က ခုံတန်းပေါ်မှာ နာရီဝက်လောက် ထိုင်စောင့်နေခဲ့ပေမယ့် Namjoon တစ်​ယောက် လုံးဝ ရောက် မလာခဲ့ပေ...

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Où les histoires vivent. Découvrez maintenant