Sugar Baby 🍁-9

514 81 25
                                    

Unicode

Sugar Baby

'' Baby လေး မျက်နှာလည်းမကောင်းပါလား၊ မဟုတ်မှလွဲရော
ဒီနေ့ လပတ်စာမေးပွဲ အမှတ်တွေသိရတာမလား၊ အမှတ်များ နည်းသွားလို့လား ဟင် ''

ညနေခင်းမှာ Boy With Luv Cafe လေးကို Baby လေးရောက်ချလာတယ်။

Coffee တောင်မသောက်နိုင်ပဲ မျက်နှာငယ်လေး နဲ့ ထိုင်စောင့်နေတဲ့ Baby လေး ကို သူတွေ့တွေ့ချင်းတကယ်စိတ်ပူမိတာအမှန်ပင်

'' ဟုတ်တယ် ဦး...Baby လေး သချ်ာအမှတ်နည်းသွားတယ် ''

'' ဘယ်လောက်တောင် မို့လို့လဲ Baby လေး ရဲ့ ''

'' ၄၅ တဲ့ ဦး ရယ်..'

'' အမှတ်ပြည့်က ဘယ်လောက်လဲ ၁၀၀ လား ''

'' ဟင့်အင်း...၅၀...''

Kim Namjoon တစ်ယောက်မှာတော့ ဘာမှပြန်မပြောနိုင်လောက်အောင် ခဏမျှ စွံ့အ သွားရှာသည်။

'' Baby လေး မဟုတ်ဘူးလေ...အဲ့တာက အမှတ်နည်းတယ်လို့မှမခေါ်တာ။ ၅ မှတ်လေး ပဲ လျော့တာကို ကွာ ''

'' Kim Namjoon ခင်ဗျား မသိပဲ လျှောက်မပြောနဲ့။ အဲ့ ၅ မှတ် က လူ တစ်ယောက်ရဲ့ ဘဝ ကို ပြောင်းလဲ သွားနိုင်တယ် ''

'' အော်.....''

Namjoon 'အော်' တစ်လုံးတည်းသာ ပြန်ပြောမိလိုက်သည်။

ဘယ့်နှယ့် လပတ်စာမေးပွဲ က ၅မှတ်လေးကို ချုံးပွဲချ ငိုတော့မယ့် ရုပ်လေးနဲ့ ။ ဒီမှာ တော့ သူဘာများဖြစ်လို့လဲ ဆိုပြီးစိတ်ပူသွားတာ

'' ခင်ဗျား ခင်ဗျား လာ ရွဲ့ နေ တာ လား! စိတ်ကသိပ်ကြည်နေတာမဟုတ်ဘူးနော်  ''

'' ကဲ ကဲ စိတ်တော့မဆိုးလိုက်ပါနဲ့ Baby လေး ရယ်။ Baby လေး
ဘယ်သွားချင်လဲ၊ ဘာလုပ်ချင်လဲ ပြော ''

'' Club သွားမယ် မူးနေအောင်သောက်ပစ်မယ် ''

'' ဟာ Baby လေး က လည်း မူးနေအောင်တော့ မသောက်ပါနဲ့ ''

'' ဘာလဲ ခင်ဗျား က ငြိုငြင် တာ လား! ''

'' မဟုတ်ပါဘူးဗျာ။ Baby လေး က အခုမှ ငယ်ငယ်လေး ရှိသေးတာ။ ကျန်းမာရေး ထိခိုက်မှာ စိုး လို့ ပါ။ ''

'' ခင်ဗျား က ကျုပ်ကို အထင်သေးတာလား! ''

'' မ..မဟုတ်ဘူးလေကွာ..ကျစ်..''

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Where stories live. Discover now