Sugar Baby 🍁-16

316 49 0
                                    

Unicode

'' ဦး~''

ဦးထုပ်ကိုခက်ငိုက်ငိုက်ဆောင်းထားသော်လည်း အဝေးကနေ
ကြည့်ရင်တောင် ဦး ရောက်နေမှန်းသူကောင်းကောင်းသိသည်။

'' မဖြစ်ဘူး...... '''

ပါးပေါ်ကမျက်ရည်စီးကြောင်များပင်မသုတ်နိုင်ပဲ အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

သူ ဧည့်ခန်းထဲရောက်တော့ ခြံထဲတွင်သာ
အစောင့်တော်တော်များများရှိနေသည်။

'' ကျစ်...ဘယ်လိုလုပ်ရပါ့မလဲ ''

အရှေ့စားပွဲပေါ်က တယ်လီဖုန်းလေးဆီအကြည့်ရောက်သွားကာ...

'' ဟုတ်ပြီ! ''

Seok Jin သည် အလွတ်ရနေသော ဖုန်းနံပါတ်လေးအား အမြန်နှိပ်လိုက်သည်။

' Hello...ဦး...'

' Hello...Baby...Baby လား '

' ဟုတ်တယ် ဦး..Baby ပါ...အိမ်မှာအခြေအနေမကောင်းဘူး ဦးမြန်မြန်ပြန်တော်နော်...မိုးတွေလည်းသည်းလာပြီ။ ဦးဖျားနေမှ
ဖြင့် Baby စိတ်ပူရအောင်မလုပ်ပါနဲ့နော်...ပြန်တော့နော် ဦး '

' Baby အဆင်ပြေရဲ့လား...ဦး...ဦးလေ စိတ်ပူလို့ ...'

'' Kim Seok Jin!!''

'' ဟင်...Mommy...''

'' ပေးစမ်းးအဲ့ဖုန်း! ! အကုန်ရိုက်ခွဲပစ်မယ် ''

Mrs.Kim စိတ်ပေါက်ပေါက်နဲ့ ဖုန်းကို တူနှင့်ရိုက်ခွဲပစ်လိုက်သည်။

'' ခြံထဲကသူတွေ ခြံအပြင်မှာ ဟိုလူရောက်နေတယ်...မှတ်လောက်သားလောက်ရှိအောင် လုပ်ပစ်လိုက်!!!''

'' ဟုတ်ကဲ့ပါ သခင်မကြီး! !''

သံပြိုင်ပြောလိုက်ကြပြီးနောက်
သူတို့ ခြံအပြင်ကိုပြေးထွက်သွားကြသည်။

'' ဟင့်အင်း...Mommy သူ့ကိုအဲ့လိုမလုပ်ပါနဲ့...ကျွန်တော်တောင်းပန်ပါတယ် Mommy ရယ်..''

Mrs.Kim တစ်ယောက် သားဇောနှင့်
ဘာမှကိုမမြင်တော့ဘဲ လုပ်မိလုပ်ရာ လုပ်တော့သည်။

Seok Jin မှာတော့ အရူးတစ်ယောက်လို အော်ငိုရင်းလိုက်သွားဖို့လုပ်တော့ သူ့ Bodyguard တွေ က အပေါ်ထပ်ကို အတင်းပြန်ခေါ်သွားကြသည်။

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Donde viven las historias. Descúbrelo ahora