Sugar Baby 🍁- OUTROS

480 52 3
                                    

Unicode

Seok Jin ခြံနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်မိသည်။

Bodyguard  ၅ ယောက်ကလွဲရင်
တခြားသူ မည်သူမျှရှိမနေချေ။

'' ဦး...ဦးလာသွားတာသေချာတယ်...ဟီး..''

ဒါဟာ နှစ်လကြာပြီးတဲ့အချိန်ကာလ အတွင်း Seok Jin ပထမဆုံးသော ပြုံးရယ်ခြင်းဖြစ်၏။

ကျွန်တော့်ပျော်ရွှင်မှုတွေ ရဲ့ မြစ်ဖျားခံရာ နေရာ က ဦး

ကျွန်တော့်ကို ပြုံးရယ်အောင်လုပ်နိုင်တယ်

ငိုအောင်လည်း လုပ်နိုင်တယ်

ချစ်ခြင်းမေတ္တာ ဆိုတာ က ဦးကြောင့်ပဲသိလာရတာ...

ဦး က ကျွန်တော့် ဘဝ ရဲ့ တစ်ဦးတည်းသော .....

ကျွန်တော့်အတွက် ဦး က အရာရာ ပါ ပဲ....

ထိုနေ့မှစ နေ့တိုင်းရဲ့ ညနေခင်းတိုင်းမှာ စာ ချည်ထားသည့် အဝါရောင် ပူပေါင်းလေး တစ်လုံး Seok Jin ရဲ့ လေသာဆောင်ဘက် ရောက်ရှိလာတတ်သည်။

အရမ်းသတိရတယ် ကလေးငယ်
-J

အရမ်းလွမ်းနေပြီ သိရဲ့လား
-J

အရမ်းချစ်တယ်ဆိုတာယုံကြည်ထားပေး
-J

တစ်နေ့ကျ ကိုယ် မင်း ဆီအရောက်လာခဲ့မယ်နော်
-J

မင်းကို လူတွေနဲ့ဝေးရာကိုခေါ်ဆောင်သွားချင်တယ်
-J

ကိုယ့်ရဲ့ မေပယ်လေး ကိုယ့်ကိုစောင့်နေပေးပါ
-J

ထိုသို့ဖြင့် J ဟုရေးထားသည့် စာများ နေ့တိုင်းရနေခဲ့သည်။ ဒါကို တော့ Seok Jin တစ်ယောက်တည်းသာသိသည်။

ဒါဟာ သေချာပေါက် Namjoon မှန်း Seok Jin သိနေသည်။

****

December 4 ရက်၊ သူ့ ရဲ့ တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက် Mommy က Eleven Hotel မှာ ခမ်းခမ်းနားနား လုပ်ပေးမည် တဲ့...

အခုကျမှ လာချစ်ပြနေတယ်ဟု Seok Jin မထင်မှတ်ခဲ့ပါလေ..

3 ရက်နေ့ ညနေခင်း

Seok Jin လေသာဆောင်မှ တမျှော်မျှော်လုပ်နေလေသည်။
မကြာပါ...အဝါရောင်ပူပေါင်းလေးနှင့်အတူ စာတစ်စောင်ရောက်ရှိလာခဲ့သည်။

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Where stories live. Discover now