Sugar Baby 🍁-INTROS

2.4K 145 8
                                    

Unicode

Sugar Baby

အထက်တန်းနောက်ဆုံးနှစ်ဖြစ်တဲ့ သူဟာ Mr. Kim Bu-gyeom နှင့် Mrs. Kim Yoomi တို့ရဲ့ တစ်ဉီးတည်းသောသား Kim Seok Jin ..

Seok Jin ရဲ့ အဖေဟာ South Korea ရဲ့ ဝန်ကြီး တစ်​ယောက်ပင်ဖြစ်သည်...ထို့ကြောင့် Kim Seok Jin ရဲ့ ​ဘဝ မှာ ရွှေဘုံစံထက်က မင်းသားတစ်ယောက်နှယ် လိုချင်တာ မှန်သမျှ အကုန် ရသည်...ဝန်ကြီးသား ဟု ဆိုသည့်အတိုင်း အဖေ့ အရှိန်အဝါ
ကြောင့် မာန အတော်လေးကြီးသည်..

ရုပ်ရည်သွင်ပြင်မှာ K-Idol များ အရှုံးပေး ရလောက်အောင်ပင် ချော မော သည်...ရုပ်​ရည် ဉစ္စာ ပစ္စည်း များက ဘာမှ ပြောစရာ မလို လောက်အောင်ပင် ပြည့်စုံလွန်းတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုသည်မှာ မလွဲမသွေပင်...တစ်ချို့တစ်ချို့သော
ယောကျ်ားလေး များပင် သဘောကျ ရသည့် kim seok jin ပါ ပင်..သို့သော် kim seok jin ရဲ့ဘဝ မှာ မည်သူ တစ်စုံတစ်ဉီးကို မှ ရင်မခုန် သေးပေ..

ကျောင်းသွားကျောင်းပြန် အား ကား တစ်နေ့တစ်မျိုး ကိုယ်တိုင် မောင်းသည်...အိမ်က Driver စီစဉ်ပေးမည် ဆိုလည်း လက်မခံ..လွတ်လပ်မှုကို မြတ်နိုးသော သူ..
ကျောင်းစည်းကမ်း အရသာ uniform ဝတ်ရသည်..မဟုတ်ရင် အိမ်နေရင်းအဝတ်အစားက အစ အပြင် အဝတ်
အစားများထိ LV Only သာ ဝတ် သည်...

အထက်တန်း နှစ် နှစ် လုံး လူရည်ချွန် နှစ်ထပ်ကွမ်း ရ ခဲ့ သည့် စာသိပ် တော်သော Kim Seok Jin

Sugar Baby

အထက်တန်းကျောင်း ဖွင့်ကာစ အချိန် March လ....နွေဉီးလေ တသုန်သုန်နှင့် ကောင်လေးတစ်ယောက် ဟာ ပြေးလွှားနေရသည်.
ဘာကြောင့်ဆိုသည် သူကိုယ်တိုင်ပင်သိလိမ့်မည်...

ကျောင်းဆင်း ပြီ မို့ သူ ထုံးစံတိုင်း ကားဆီကိုသာ လာခဲ့သည်...
ဝန်ကြီးသား မို့ အသိမိတ်ဆွေ များသလောက် close friend က Lee Seung gi ဆိုသော တစ်ယောက်သာရှိသည်..

Seok jin ကားထွက်ဖို့ ခါးပတ်ပတ် နေစဉ်...

''မောင်းး..မောင်းးတော့.. မြန်မြန်မောင်း !! ''

Seok jin ရုတ်တရက် သူ့ကားပေါ် အလောတကြီး တက်လာသော လမ်းသရဲ ပုံစံ လူ တစ်ယောက် ကြောင့် လန်ဖြန့်သွားရသည်..

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Onde histórias criam vida. Descubra agora