Sugar Baby 🍁-14

343 61 16
                                    

Unicode

'' ဖေဖေ့! ! ဖေဖေ့!!! ...''

သူ ငိုကြွေးနေခဲ့သည်။

အဖေ တစ်ယောက်ကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်...

သူ သိပ်ချစ်ရတဲ့ အဖေ....

'' သားအမေကို လု ယူခဲ့တဲ့ အဲ့ လူ ကို အဖေ့အစားလက်စားချေပေးပါ။ ဖေဖေ....က..ကတိတောင်းပါတယ် သား ''

ဖေဖေဟာ  နှလုံးရောဂါကြောင့် အသက်လုရှုနေရသည်။

၁၃ နှစ်သား အရွယ် မို့ အဆိုးအကောင်း၊ အကျိုးအကြောင်း သိ
သင့်သလောက် သိနေခဲ့၏။ ။

မုန်းသည်...

မေမေ့ကို ဖေဖေ့ဆီ က လု ယူသွားပြီး ဖေဖေ့ ကို စိတ်ဖြင့် သတ်ပစ်ခဲ့သော ထို လူ့ အပေါ် အမုန်းကြီးမုန်းခဲ့သည်။

'' သား..ကတိပေးပါတယ်...ဖေဖေ...သား ကတိတည်စေရပါမယ်''

ဖေဖေဟာ သူ့လက်ထဲမှာပင် ဆုံးပါးသွားခဲ့သည်။

'' ဖေဖေ့...ဖေ့ဖေ့! !!''

အမုန်းမျက်ရည်တို့ ဟာလည်း တသွင်သွင် စီးကျနေခဲ့၏။

အံကိုကြိတ်ရင်း ထိုလူ့ရဲ့ မသည်းမကွဲ အဖြူအမည်း ဓာတ်ပုံအား မုန်းတီးစွာ ကြည့်နေခဲ့သည်။

'' ဖေဖေ့!!! ''

ဖြစ်ခဲ့ပြီးသော ကိစ္စတွေဟာ အိမ်မက်ဆိုးအဖြစ် မကြာခဏ ရောက်ရှိလာတတ်သည်။

'' ဟူးး.....''

ထ ထိုင် လိုက်ရင်း တိုင်ကပ်နာရီ ကို ကြည့်မိတော့ ည ၁၂နာရီထိုးလုဆဲဆဲ။

( I'm Only One Call Away~I'll be there to save the day)

သူ Phone Contact ကို တစ်ချက်ကြည့်လိုက်သည်။

' Mommy '

'' ကျစ်....''

စုတ်တစ်ချက်သပ်ရင်း ဖုန်း ကို ပြန်ချလိုက်သည်။

(Shutt)(shutt)(shutt)(shutt)

နားအလွန်ပါးသော Namjoon ဟာ ထိုခြေသံ ပါးပါး လေး
ကြောင့် အမြဲဆောင်ထားသည့် Pistol(ပစ်စတို) သေနတ် အား ခေါင်းအုံးအောက်မှ အမြန်ထုတ်လိုက်၏။

လေသာဆောင်ဘက် တံခါးကိုဖွင့်လိုက်သည်။

လေတစ်ချက်ဝှေ့လိုက်တိုင်း လိုက်ကာဖြူလွင့်လွင့်တွေဟာ မျက်နှာကိုလာရိုက်ခတ်လာ၏။။

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Tahanan ng mga kuwento. Tumuklas ngayon