Sugar Baby 🍁-12

444 71 3
                                    

Unicode

Namjoon တစ်ယောက် Baby လေး ခြံဝင်းထဲကို စ ဝင် လိုက်တည်းက သစ်ပင်သစ်ရိပ်လေးတွေ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ကြောင့် စိတ်ကိုလန်းဆန်စေသည်။ ပုံမှန်အားဖြင့် သူ က ညပိုင်းလောက်သာ လာ လေ့ရှိတာမို​့ အခုမှ အိမ်တော်နှင့် ခြံဝန်းကို သေချာမြင်ခွင့်ရသည်။

အိမ်ထဲရောက်တော့ Namjoon မျက်လုံးက နေရာပေါင်းစုံကို လိုက်ကြည့်နေပြီး အတော်လေး အံ့ဩ မိနေသည်။ Hotel
တွေ ထက် အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားလှ၏။

တောင်ကိုးရီယား ဝန်ကြီးတစ်ယောက်ရဲ့ အိမ်ကို ရောက်ဖူးလိမ့်မယ် လို့ သူ တစ်ခါမှတော့ မတွေးခဲ့ဖူးပေ။

Seok Jin တို့ရောက်လာတော့ အိမ်တော်က ကောင်မလေးတွေ က ပစ္စည်းတွေ သယ်သွားကြသည်။ Namjoon ကို တော့ တစ်ချက်ချက် ခိုးခိုး ကြည့်သွားကြပြီး သူတို့ချင်း တီးတိုးပြောနေကြ၏။ သေချာတာကတော့ Kim Namjoon ရဲ့ ခပ်မိုက်မိုက် အဝတ်အစားတွေ နဲ့ ဆံပင် အကြောင်း...

'' Mr.Jack အိမ်တော်ထိန်း အဒေါ်ကြီး နဲ့ အိမ်မှာရှိသမျှ လူတွေ အကုန်ခေါ်လာပေးပါဦး ''

'' ဟုတ်ကဲ့သခင်လေး...''

'' ဦး...ထိုင်ဦးလေ...''

'' အင်း ''

Kim Seok Jin တို့ရဲ့ အိမ် ဧည့်ခန်းဟာ အတော်လေး ကျယ်ဝန်းလှသည်။ Namjoon တို့ ကွန်ဒို တိုက်ခန်း ရဲ့ တစ်ခန်းစာ ထက်တောင် ကျယ်သည်။အဖြူရောင် တွေ ချည်းသာ အသားပေး အလှဆင်ထား ကာ လိုက်ကာတွေ စားပွဲခင်းတွေ နဲ့ ကော်ဇောခင်းတွေ က အစ အဖြူရောင်ကိုသာ သုံးထားသည်။ ပန်းကိုလည်း နှင်းဆီပန်း အဖြူရောင်ကိုသာ ပန်းအိုးထိုးထားသည်။

အဲ့ အဖြူရောင်နှင်းဆီပန်း တွေ....
သူ အမုန်းဆုံး ပဲ...

ပေါင်ပေါ်တင်ထားတဲ့ သူ့လက်ကို
ကျစ်ကျစ်ပါအောင် စုတ်ထားမိသည်။

ဧည့်ခန်းရဲ့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံ ထဲ က လူတစ်ယောက်

သူ ကောင်းကောင်းကြီး ကို မြင်ဖူးနေခဲ့သည်။

'' အင်း...အားလုံးရောက်လာကြပြီပဲ! ''

Seok Jin စကားသံကြားမှ Namjoon သတိပြန်ဝင်လာသည်။

'' အားလုံးကိုခေါ်လိုက်ရတဲ့အကြောင်း က သူ က ကျွန်တော့်ရဲ့.....
ကျွန်တော့်ရဲ့ အကိုလို ခင်ရတဲ့ သူငယ်ချင်းပါ...သူက ဒီမှာ ခဏနေမှာ မာမီ တို့ မလာခင်ထိ ပေါ့လေ...သူ့နာမည်က Kim Namjoon တဲ့ အားလုံးပဲ သူ့ကို ကျွန်တော့်လို ပဲ ဆက်ဆံပေးကြပါနော် ''

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Nơi câu chuyện tồn tại. Hãy khám phá bây giờ