Sugar Baby 🍁- 11

405 70 8
                                    

Unicode

အရေးပေါ်ဌာန။

သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ တဲ့ သူ ဟာ ကလေးငယ် ရဲ့ အသံ ကို တော့ သေချာကြားနေရ၏။ ကံကောင်းထောက် မ လို့ ကလေးငယ် နဲ့ တွေ့ခဲ့ရ​သည်။ မဟုတ်လို့ကတော့ ဒီအချိန် သူ ဘာဖြစ်နေမလဲ ဆိုတာ မတွေးရဲစရာပင်...

ကလေး ကို စိတ်ပူအောင် လုပ်ခဲ့မိလို့ ဦး တကယ် တောင်းပန်ပါတယ် ကလေးငယ်...ဦး ရဲ့ ဒုက္ခ တွေ ကို အေးချမ်းနေတဲ့ ကလေး ငယ် အတွက် စိတ်ဒုက္ခ တွေ မဖြစ်စေချင်ဘူး....

'' ဆေးရုံကိုအမြန်ရောက်လာတာ ကံကောင်းတယ် လူနာက သွေးထွက်လွန် စ ပြု နေ ပြီ။ ၆ ချက် တော့ ချုပ်လိုက်ရတယ် ခဏနေရင်တော့ သတိရလာမှာပါ။ အခန်းပြောင်းဖို့ ကိစ္စ က တော့ ဒီမှာ ရှိတဲ့ Nurse တွေ ကို ပြောလို့ရပါတယ် ကျွန်တော့်ကို သွားခွင့်ပြုပါဦး ခင်ဗျ ''

'' ဟုတ် ကဲ့ ပါ Doctor ကျေးဇူးတင်ပါတယ် ခင်ဗျ ''

'' Nae....''

'' Mr.Jack သူ့ ကို VVIP အခန်းကိုပြောင်းဖို့ စီစဥ်ပေးပါ ''

'' ဗျာ...သခင်လေး ''

'' ကျစ်! ကျုပ် စကားကိုနှစ်ခါမပြောချင်ဘူးနော်! VVIP အခန်းကို ပြောင်းဖို့စီစဥ်လိုက်ပါဆို !''

'' ဟုတ်...ဟုတ်ကဲ့ သခင်လေး ''

Seok Jin ဒီအချိန်မှာ စိတ်တွေ သိပ်ရှုပ်နေပြီး ဦး က လွဲ ပြီး  တစ်လောကလုံး ကို ဂရုမစိုက်ချင်တော့လောက်အောင် ဒေါသတွေ အရမ်း ထွက်နေခဲ့၏။

ဦး က လုပ်ကြံ ခံ ရတာ များ လား...

ရန်ဖြစ်ခဲ့တာတော့ သေချာတယ်...

VVIP Room ကို ရောက်တော့ Seok Jin Mr.Jack ကို အတင်း အိမ်ပြန်လွှတ်နေသည်။

''Mr.Jack ခင်ဗျား ပြန်တော့ ကျွန်တော် ဆေးရုံစောင့်လိုက်မယ် ''

'' မဟုတ်တာ...သခင်လေးရယ် ကျွန်တော်ပဲစောင့်လိုက်လို့ရပါတယ်...မနက် သခင်လေး ကျောင်းသွားရဦးမှာလေ ''

'' ရတယ်...ကိစ္စမရှိဘူး...ကျွန်တော်ခွင့်တိုင်လိုက်မှာမို့....''

Jack တစ်ယောက် သခင်လေး ရဲ့ ထိုလူ့ ကို သေချာ ရင်းရင်းနှီးနှီး ကို မြင်ဖူးနေသည်။ သူ သေချာ ပြန်စဥ်းစားကြည့်မိတော့.....

𝑆𝑢𝑔𝑎𝑟 𝐵𝑎𝑏𝑦[ Season 1 ]||Namjin✅Where stories live. Discover now